Part : 8 🔮

346 39 6
                                    

SUGA ၃ ရက်တာမေ့မြောနေသောအချိန်တွင် သူ Collector မဖြစ်ခင်ဘဝကို အိပ်မက်သဖွယ်ပြန်လည်ရောက်ရှိသွားခဲ့သည်။

Despair ကောင်ခေါ်ခဲ့သလိုပင် သူ့ရဲ့နာမည်အရင်းမှာ မင်ယွန်းဂီဖြစ်သည်။ SUGA ရဲ့အတိတ်ဖြစ်သော မင်ယွန်းဂီဘဝက ပြန်ပြီးမှတ်မိချင်စရာကောင်းလှသော အခြေအနေမျိုးတော့မဟုတ်ခဲ့ပေ။ 

အကြောင်းမှာ ယွန်းဂီငယ်စဉ်ကတည်းက သူ့ကိုနာမည်ကောင်းရချင်ရုံမျှ ဟန်ပြမွေးစားထားသော သူဌေးလင်မယားရဲ့ စိတ်မထင်ရင်မထင်သလို ရိုက်နှက်နှိပ်စက်ခြင်းကို ခံနေရသောကြောင့်ဖြစ်သည်။ သို့သော် လူအများသိထားတာကတော့ ယွန်းဂီကမိဘမဲ့ဘဝကနေရွှေဘုံပေါ်နေ့ချင်းညချင်းရောက်သွားတဲ့ အရမ်းကံကောင်းသောကလေးတစ်ယောက်အဖြစ်။ 

ယွန်းဂီက ကျောင်းဆင်းတိုင်း အိမ်ကိုမပြန်ချင်သောကြောင့် အိမ်အပြန်လမ်းတွင်ရှိသော ရေကန်ကြီးဘေးမှာ အမြဲသွားသွားထိုင်နေတတ်သည်။ 

တစ်နေ့ ထိုရေကန်ကြီးနားမှာပဲ သူ့ဘ၀ကိုနွေးထွေး‌စေ‌သော‌ နေရောင်ခြည်လို‌ ကောင်လေးတစ်ယောက်နဲ့ စတင်ဆုံတွေ့ခဲ့ရသည်။

" ကျနော်ထိုင်လို့ရမလား " 

ယွန်းဂီအနားသို့ သဘာဝကျစွာရောက်လာသောကောင်လေးမှာ သူနဲ့တူညီသောကျောင်း uniform ကိုပင်ဝတ်ဆင်ထားသည်။ uniform ပေါ်ကနာမည်ကိုဖတ်လိုက်မိတော့ " ကင်မ်ထယ်ယောင်း "။

" အင်း ရပါတယ် "

" Hyung ခြေထောက်နာနေသေးလား "

ညကအရိုက်ခံထားရသောဒဏ်ကြောင့် နာနေသောခြေထောက်ကို ယွန်းဂီကျောင်းမှာ ဘယ်သူမှမသိအောင် ဟန်လုပ်လျှောက်ပြခဲ့သော်လည်း ထိုကောင်လေးကတော့ရိပ်မိပုံပေါ်သည်။ 

" အော် တစ်မျိုးမထင်ပါနဲ့..ကျနော်က Hyung တို့နဲ့နှစ်အိမ်ကျော်ကပါ..Hyung သတိမထားမိပေမယ့် မနက်ကျောင်းသွားတိုင်း ကျနော်တို့အတူတူပဲလေ..ဒီမနက် Hyung လမ်းလျှောက်တာ အရင်နဲ့သိပ်မတူလို့မေးကြည့်တာပါ "

" အော် အင်း မနေ့ကခြံထဲမှာချော်လဲသွားလို့ "

" ဂရုစိုက်ပါ Hyung "

The Last HopeOù les histoires vivent. Découvrez maintenant