Jin ကျောင်းသို့မသွားဘဲ အိမ်မှာပဲနေနေတာသုံးရက်မြောက်နေ့ဖြစ်သည်။ ဒီကြားထဲ SUGA ကိုသူဆက်သွယ်ကြည့်သေးသော်လည်း ဆက်သွယ်လို့မရသောကြောင့် ကိုယ့်ဘာသာကိုယ်ပဲလျှောက်ပြီးစုံစမ်းထားသည်။
သူသိရသလောက်တော့ ကင်မ် Group ရဲ့သမီးအီဟွာက သူတို့ကျောင်းတွင် ဂီတမေဂျာမှာအဆိုအထူးပြုတက်နေသည်။ သေဆုံးပုံမှာ အစ်ကိုဖြစ်သူ ကင်မ်နမ်ဂျွန်းရှိရာ New Zealand သို့သွားလည်ရင်းမှ လေယာဉ်ပြတ်ကျပြီးသေဆုံးခဲ့ခြင်းဖြစ်သည်။
Jin ထိုအကြောင်းတွေအပြည့်အစုံသိရသည့်တိုင်အောင် ထိုကောင်မလေးနဲ့သူနဲ့က ဘာမှဆက်စပ်မှုမရှိတာကြောင့် ထိုကောင်မလေးရဲ့ဝိညာဉ်ကသူ့ကိုယ်ထဲရောက်နေတယ်ဆိုတာကို လက်မခံနိုင်သေးပါ။
ကျန်တဲ့အချိန်အားလုံးတွင် ပုံမှန်ဖြစ်သော်လည်း ဂျွန်းဆိုတဲ့သူနဲ့တွေ့မှ ထူးထူးဆန်းဆန်းတွေကြုံရတာဖြစ်တာကြောင့် Jin ဂျွန်းနဲ့နောက်တစ်ကြိမ်တွေ့ကြည့်ဖို့ဆုံးဖြတ်လိုက်သည်။
" ဟဲလို..အေး ဘာရို..ငါအကူအညီတစ်ခုလောက်တောင်းချင်လို့ "
Jin ရဲ့ငယ်သူငယ်ချင်း ဘာရိုမှာ နာမည်ကြီး အနုပညာရှင်၊ အားကစားသမား စသည်တို့ရဲ့သတင်းတွေကိုမှောင်ခို အရောင်းအ၀ယ်လုပ်နေသူဖြစ်သည်။ ဘာရိုကငွေရရင်ဘာမဆိုလုပ်တတ်သောကြောင့် စိတ်မချရသော်လည်း တခြားနည်းလမ်းစဉ်းစားမရတာကြောင့် ဂျွန်းရဲ့လိပ်စာကို ဘာရို့ဆီကတဆင့်စုံစမ်းခိုင်းလိုက်သည်။
" ဟန်နန်းကွန်ဒို အိမ်နံပါတ် ၁၂ "
ဘာရိုဆီက message ရတာနဲ့ Jin ချက်ချင်းထွက်လာခဲ့လိုက်သည်။ ဟန်နန်းကွန်ဒိုနဲ့ သူနေတဲ့နေရာနဲ့ အကွာအဝေးက မနီးမဝေးဖြစ်တာကြောင့် သိပ်မကြာဘဲရောက်သွားသည်။
" ဘယ်ကိုသွားမလို့လဲ "
" အိမ်နံပါတ် ၁၂ ပါ "
လုံခြုံရေးဂိတ်မှဦးလေးက Jin ကိုစစ်မေးနေလေသည်။
" ကျနော့်သူငယ်ချင်း ဂျွန်း နိုင်ငံခြားက ပြန်ရောက်နေတယ်ကြားလို့ လာလည်တာပါ..သူ့ကိုကြိုမပြောထားဘူးဗျ အံ့ဩသွားအောင်လေ..ရတယ်မလားဦးလေး "

YOU ARE READING
The Last Hope
Fantasyဖြူစင်သော ဝိညာဉ်တွေရဲ့ နောက်ဆုံးမျှော်လင့်ချက် Hope World မှကြိုဆိုပါတယ်။ **Unicode+Zawgyi** OTP - Namjin, Taegi, Jikook From 10th Aug, 2021 to 15th Oct, 2021~