Part : 9 🔮

329 40 2
                                    

" Hello Jin shi ကျနော့်ဆီကိုဖုန်းဆက်ထားတာတွေတွေ့လို့ပါ " 

Jin ဒီအတောအတွင်း လေယာဉ်ပျံပေါ်ကပြုတ်ကျသော အိပ်မက်ကိုခဏခဏမြင်မက်‌နေသောကြောင့် SUGA ဆီကို စာနဲ့ရောဖုန်းနဲ့ပါအကြိမ်ကြိမ်ဆက်သွယ်ထားခြင်းဖြစ်သည်။

" SUGA shi ကျနော်ဆက်သွယ်နေတာကြာပြီ "

" Sry ကျနော်ကိုယ်ရေးကိုယ်တာကိစ္စလေးတစ်ခုရှိနေလို့...ဒါနဲ့တစ်ခုခုထူးခြားတာရှိလို့လား "

" ရှိတယ် ကျနော်ခင်ဗျားနဲ့တွေ့ချင်တယ် "

" ကောင်းပါပြီ ကျနော်ရှိတဲ့နေရာကိုလာခဲ့တာပိုကောင်းမယ်ထင်တယ် "

SUGA နဲ့ဖုန်းချပြီးနောက် Jin ဂျွန်းဆီကိုဖုန်းခေါ်လိုက်‌သော်လည်း လုံး၀ဆက်သွယ်လို့မရပေ။

" Hyung ဘာတွေဖြစ်နေတာလဲ "

Jin ဖုန်းတစ်လုံးနဲ့တစ်ယောက်ထဲအလုပ်ရှုပ်နေကတည်းက ထယ်ယောင်းကခပ်လှမ်းလှမ်းမှအကဲခတ်နေခြင်းဖြစ်သည်။ အခုတလော Jin Hyung မှာအရင်ကပုံစံနဲ့လုံးဝမတူဘဲ အမြဲလိုလိုစိတ်နဲ့လူနဲ့မကပ်သည့်ပုံဖြစ်နေလို့ ထယ်ယောင်းတော်တော်စိတ်ပူနေမိသည်။

" ဟိုဟာ ဘာမှမဟုတ်ပါဘူး ထယ်ယောင်း "

" ခုနက SUGA ဆိုပြီးကြားလိုက်သလိုပဲ..Hyung ကို ဟိုလူထပ်ဆက်သွယ်လာလို့လား "

" Hyung ကအရင်သူ့ဆီဆက်သွယ်လိုက်တာပါ "

" ဘာဖြစ်လို့လဲ Hyung ကလည်း "

" ထယ်ယောင်း..Hyung အခုတလောကြုံနေရတာတွေက ပုံမှန်မဟုတ်တာတော့သေချာတယ်..SUGA ဆိုတဲ့လူက တစ်ခုခုအကူအညီပေးနိုင်မယ်လို့လည်းထင်တယ်..Hyung သူနဲ့သွားတွေ့မလို့ "

" ဒါဆိုလည်းကျနော်ပါလိုက်မယ် "

Jin Hyung ကိုစိတ်မချသောကြောင့် ထယ်ယောင်းကသူကိုယ်တိုင်ဝင်ပါဖို့ဆုံးဖြတ်လိုက်သည်။

#...🔮...#

မထင်မှတ်ထားဘဲ Jin နှင့်အတူကားပေါ်တွင် ထယ်ယောင်းပါလာသည်ကို SUGA လှမ်းမြင်လိုက်ရသည်။ အဖြစ်မှန်အားလုံးကိုသိပြီးနောက် ထယ်ယောင်းကိုပထမဆုံးအကြိမ်ပြန်တွေ့ရတာဖြစ်သောကြောင့် SUGA ကိုယ့်စိတ်ကိုအရင်ဆုံးပြင်ဆင်ထားလိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် အခုအချိန် ထယ်ယောင်းအမြင်မှာသူက လူစိမ်းတစ်ယောက်ပဲမဟုတ်လား။

The Last HopeTempat cerita menjadi hidup. Temukan sekarang