" တင်န်း တောင် "
ညကိုးနာရီဝန်းကျင်မှာ ဘဲလ်သံကြားရပြီဆိုလျှင် ကင်မ်နမ်ဂျွန်းပင်ဖြစ်ကြောင်း Jin သိလိုက်သည်။ Jin အိမ်တွင်တစ်ယောက်တည်းဖြစ်သွားပြီဆိုတာသိပြီးကတည်းက ကင်မ်နမ်ဂျွန်းက သူ့အိမ်သူ့ယာလို့သဘောထားကာ အချိန်မရွေးဝင်ထွက်တတ်လာသည်။ အကြောင်းပြချက်ကိုမေးလျှင်လည်း ပျင်းလို့ ဟုပေါ့ပျက်ပျက်သာပြန်ဖြေတတ်သည်။
" ဘာလာလုပ်ပြန်တာလဲ ကင်မ်နမ်.. မင်းမျက်နှာကဘာဖြစ်လာတာလဲ "
Jin တံခါးဖွင့်လိုက်သောအခါ ရောင်နေသော ပါးတစ်ဖက်ကိုကိုင်လျက်ရပ်နေသောဂျွန်းကိုတွေ့လိုက်ရသည်။
အိမ်ထဲကဆိုဖာခုံမှာဝင်ထိုင်ပြီးချိန်အထိ ဂျွန်းက အသံတိတ်နေသည်။
" ဂျွန်း လာ ကြပ်ထုတ်ထိုးရအောင် "
အချိန်ကြာလာတာနဲ့အမျှ တိုးတက်လာသော သူတို့ဆက်ဆံရေးတွင် Jin က စိတ်လိုလက်ရရှိသောအချိန်များ၌ ကင်မ်နမ်ဂျွန်းဟုမခေါ်တော့ဘဲ ဂျွန်းဟုခေါ်တတ်လာသည်။
Jin ကရေနွေးပူပူတစ်ခွက်နှင့် အဝတ်စတစ်ခုယူလာပြီး အဝတ်စကိုရေနွေးခွက်မှာကပ်လိုက် ဂျွန်းရဲ့ပါးပေါ်မှာကပ်လိုက်လုပ်ပေးနေသည်။
" ဂျွန်း တစ်ခုခုပြောဦးလေ "
ဂျွန်းကကြပ်ထုတ်ထိုးပေးနေသော Jin လက်ကိုဆွဲကိုင်ထားလိုက်ပြီး Jin ပေါင်ကိုခေါင်းအုံးလုပ်ကာလှဲအိပ်လိုက်သည်။
" ကင်မ်နမ်ဂျွန်း "
" ခဏလေးပါကွာ ဒီအတိုင်းလေးခဏနေရအောင် "
" ဘာဖြစ်လာတာလဲ မပြောတော့ဘူးလား "
" ဒီနေ့ငါအလုပ်မှာအမှားတစ်ခုလုပ်ခဲ့မိတယ်..အဖေကငါ့ကိုဝန်ထမ်းတွေအများကြီးရှေ့မှာပါးချလိုက်တာ "
Jin သက်ပြင်းချမိရုံသာ။ ဂျွန်းအလုပ်ဝင်တာ တစ်လပင်မရှိသေးသော်လည်း ထိုပြဿနာများကို မကြာခဏကြားနေရသည်။ အရင်ကဆို လူတွေရှေ့မှာ လက်မပါတတ်သော သူဌေးကြီးကင်မ်ကလည်း အခုနောက်ပိုင်း ပိုပိုဆိုးလာသည်။
" ငါ့ပါးကမနာပါဘူး..ဒါပေမယ့်ငါရှက်တယ် "
ဂျွန်းကမျက်လုံးတွေကိုတင်းတင်းမှိတ်ထားပြီးပြောသည်။

CZYTASZ
The Last Hope
Fantasyဖြူစင်သော ဝိညာဉ်တွေရဲ့ နောက်ဆုံးမျှော်လင့်ချက် Hope World မှကြိုဆိုပါတယ်။ **Unicode+Zawgyi** OTP - Namjin, Taegi, Jikook From 10th Aug, 2021 to 15th Oct, 2021~