SUGA Hope World သို့ပြန်ရောက်သောအခါ သခင် Hope ဆီမှ အကြောင်းစုံကို သိလိုက်ရသည်။ သိသိချင်း သူ မဆီမဆိုင်စိုးရိမ်မိတာကတော့ ထယ်ယောင်းကိုပင်။ ကင်မ်နမ်ဂျွန်းသူတို့အိမ်ရောက်နေတာကိုမနှစ်သက်ပုံပေါ်တဲ့ ကောင်လေး အိမ်ပြန်ရောက်တဲ့အခါ ထပ်ပြီးစိတ်ညစ်သွားရမှာကို သူမဖြစ်စေချင်ပါ။
" ထယ်ယောင်း အိမ်ပြန်ရောက်ပြီလား "
မနက်ကမှသူတို့ချင်း လဲလှယ်လာသော ထယ်ယောင်းရဲ့ ဖုန်းနံပါတ်ဆီသို့ sms ပို့လိုက်သည်။ ခဏကြာတော့ပြန်စာ၀င်လာသည်။
" ရောက်တော့မယ်..ဘာဖြစ်လို့လဲ Hyung "
SUGA ချက်ချင်းပင် ထယ်ယောင်းတို့တိုက်ခန်းဆီသို့ ကားကိုအမြန်မောင်းထွက်ခဲ့တော့သည်။
အတန်းတွေပြီးတာနဲ့ ထယ်ယောင်းကျောင်းမှာပဲ တစ်ချိန်လုံး တယောလေ့ကျင့်နေခဲ့သည်။ Jin Hyung က နေ့လည်ကျောင်းလာမယ်ပြောပြီး ပေါ်မလာ၊ ဖုန်းဆက်တော့လည်း မကိုင်သောကြောင့် သူစိတ်မကောင်းဖြစ်မိနေသည်။ အခုပြန်ရောက်တော့လည်း Jin Hyung ကသူအိမ်ပြန်နောက်ကျနေတာတောင် သတိထားမိပုံမရပါ။
" ကျနော်ပြန်ရောက်ပြီ "
" ထယ်ယောင်းအခုမှပြန်ရောက်တာလား "
" ဟုတ်..Hyung ဒီနေ့ကျောင်းမတက်ဘူးလား "
" အော်..ဟုတ်တယ် Hyung ကိစ္စလေးရှိနေလို့ "
" Hyung ကျောင်းပျက်တာ အရမ်းများနေပြီထင်တယ် "
" ထယ်ယောင်း တိုးတိုး..ကင်မ်နမ်ဂျွန်းအိပ်နေတယ် "
" ဘာဖြစ်တယ် "
ထယ်ယောင်းရုတ်တရက်ဒေါသဖြစ်သွားမိသည်။ သူကတော့ Jin အတွက် စိတ်ပူလို့ပြောနေသော်လည်း Jin ကတော့ ကင်မ်နမ်ဂျွန်း အိပ်ရေးပျက်မှာလောက်ပဲ အရေးကြီးနေသည်မဟုတ်ပါလား။
" Hyung ဘာတွေလုပ်နေတာလဲ..အဲ့လူကဘာလို့ဒီကိုရောက်နေပြန်တာလဲ "
" ထယ်ယောင်း ဘာလို့အော်နေတာလဲ "
ထယ်ယောင်း Jin ရဲ့အခန်းထဲသို့ ဒုန်းဒုန်းဒိုင်းဒိုင်း၀င်သွားလိုက်သည်။
" ဟေ့လူ..ထ ထ..ခင်ဗျားမှာအိမ်မရှိဘူးလား..ဟေ့လူ "
ထယ်ယောင်းက ဂျွန်းရဲ့ရင်ဘက်ကိုတွန်းပြီးနှိုးနေပေမယ့် ဂျွန်းကတော့တုတ်တုတ်တောင်မလှုပ်ပေ။ ထိုစဉ် Jin က ထယ်ယောင်းလက်ကို ဆောင့်ဆွဲကာ အပြင်သို့ခေါ်ထုတ်သွားသည်။

ESTÁS LEYENDO
The Last Hope
Fantasíaဖြူစင်သော ဝိညာဉ်တွေရဲ့ နောက်ဆုံးမျှော်လင့်ချက် Hope World မှကြိုဆိုပါတယ်။ **Unicode+Zawgyi** OTP - Namjin, Taegi, Jikook From 10th Aug, 2021 to 15th Oct, 2021~