Part : 1 🔮

687 48 2
                                    

" ကိုကို လေယာဉ်ထွက်တော့မယ် " 

" ဟုတ်ပြီ ဟွာလေး..မနက်ဖြန်တွေ့မယ် "

အီဟွာက သူမကိုယ်တိုင်ကျောင်းတက်နေရပြီဖြစ်သော်လည်း New Zealand ရှိသူမအစ်ကိုဂျွန်းကို သတိရနေတာကြောင့် ဖခင်တားသည့်ကြားမှ အလည်သွားခြင်းဖြစ်သည်။ သူမတစ်ယောက်တည်း လေယာဉ်စီးဖူးသည်မှာ ဒါပထမဆုံးဖြစ်၍ အနည်းငယ်စိတ်လှုပ်ရှားနေမိသည်။ 

" ကြိုဆိုပါတယ်ရှင့် လက်မှတ်လေးပြပေးပါ "

" ဒီမှာပါ "

" လမ်းပြပေးပါမယ် ဒီဘက်ကိုကြွပါ "

သွက်သွက်လက်လက်လေယာဉ်မယ်လေးခေါ်ရာနောက်သို့ အီဟွာလိုက်လာခဲ့လိုက်သည်။ သူမထိုင်ခုံမှာထိုင်နေပြီး ခဏအကြာတွင် လေယာဉ်မှကြေညာသံကိုကြားလိုက်ရသည်။

" မကြာမီအချိန်အတွင်းမှာ လေယာဉ်စတင်ထွက်ခွါပါတော့မယ်ရှင်..ထိုင်ခုံခါးပတ်များကို သေချာစွာပတ်ထားပေးဖို့နဲ့... "

အီဟွာနားကြပ်တပ်လိုက်ပြီး မျက်လုံးတွေကိုစတင်ပိတ်ထားလိုက်သည်။ 

လေယာဉ်စထွက်ပြီးမကြာမီမှာပင် အိပ်ပျော်သွားတာကြောင့် ညလယ်ခေါင်တွင် သူမတစ်ရေးနိုးလာခဲ့သည်။ တိုက်ရိုက်သွားသော လေယာဉ်ဖြစ်တာကြောင့် ညောင်းချိနေအောင်စီးရဦးမည်ဖြစ်သည်။ 

လေယာဉ်ပေါ်တွင် ခရီးသည်တော်တော်များများ အိပ်မောကျနေကြသည်။ အီဟွာက အညောင်းပြေ နေရာမှထပြီး သန့်စင်ခန်းသို့သွားလိုက်သည်။ ထိုအချိန်တွင် လေယာဉ်ပြတင်းပေါက်ဘေးမှ အမည်းရောင်အငွေ့တန်းများဖြတ်သွားသည်ကိုတော့ သူမသတိမထားမိလိုက်ပါ။

အီဟွာသန့်စင်ခန်းမှပြန်ထွက်တော့မည့်အချိန်တွင် လေယာဉ်ကြီးတစ်ခုလုံးမှာ သိမ့်ခနဲခါရမ်းသွားသဖြင့် သူမယိုင်ကျသွားသည်။

ခုနကတိတ်ဆိတ်နေသောလေယာဉ်ကြီးထဲတွင် ဆူဆူညံညံအသံများစတင်ထွက်ပေါ်လာတော့သည်။ 

" အရေးပေါ်အခြေအနေဖြစ်ပါသည်..လေယာဉ်လမ်းကြောင်းတွင် အမျိုးအမည်မသိရသောမြူများဝန်းရံလာသဖြင့် လမ်းကြောင်းကိုသဲကွဲစွာမမြင်ရတော့သောကြောင့် ခရီးသည်များအနေဖြင့်မိမိနေရာတွင်ထိုင်ခုံ ခါးပတ်များကို သေချာစွာပတ်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည် "

The Last HopeOnde histórias criam vida. Descubra agora