Part : 17 🔮

330 34 10
                                    

Hope World တွင် ပစ္စည်းတစ်ချို့သွားယူ‌သော SUGA ရဲ့နောက်သို့ ထယ်ယောင်းလိုက်လာခဲ့သည်။

" Hyung အခန်းလေးလည်းမိုက်သားပဲ တိတ်တိတ်ဆိတ်ဆိတ်လေး "

" ဟုတ်တယ် "

" ဒီမှာနေတဲ့သူတွေရဲ့ အခန်းတွေကအတူတူပဲလား "

" မတူဘူး ကိုယ့်စိတ်ကြိုက်ပြန်ပြင်ထားကြတာများတယ် "

SUGA ပစ္စည်းထည့်နေစဉ် ထယ်ယောင်းက စားပွဲပေါ်မှပစ္စည်းများကိုလျှောက်ကြည့်နေသည်။

" Hyung ဒါကဘာကြီးလဲ "

စားပွဲပေါ်က ဆေးရည်ပုလင်းကိုမြင်တော့ ထယ်ယောင်းကမေးလာသည်။ 

" အလုပ်မှာသုံးဖို့ပေးထားတဲ့ဟာ "

" အော်..ဒါလေးကရော "

ထယ်ယောင်းအံဆွဲကိုဖွင့်ကြည့်လိုက်တဲ့အခါတွေ့လိုက်ရတဲ့ Angel ပုံဆွဲကြိုးလေး။

" လှလိုက်တာနော် "

" မမှတ်မိဘူးလား "

" ဘာကိုလဲ Hyung "

" အော် ဘာမှမဟုတ်ပါဘူး..အဲ့ဒါလေးက Hyung အတွက် အရမ်းတန်ဖိုးရှိတဲ့ပစ္စည်းလေး "

SUGA Hyung ရဲ့ချစ်သူပေးထားတဲ့ပစ္စည်းဖြစ်နိုင်တယ်လို့ ထယ်ယောင်းတွေးမိလိုက်သည်။ SUGA Hyung မှာချစ်ရတဲ့သူရှိတယ်ဆိုတာ အချိန်တော်တော်များများမှာ သူတမင်မေ့ထားချင်ခဲ့သည်။

" ပြီးပြီ သွားကြမယ် "

" ဟုတ် "

SUGA နဲ့ ထယ်ယောင်းတို့ ကားဆီသို့ဦးတည်သွားနေစဉ် အနောက်မှလှမ်းခေါ်သံကိုကြားလိုက်ရသည်။ 

" မင် ယွန်း ဂီ "

SUGA အလန့်တကြားဖြင့်နောက်လှည့်လိုက်တော့ လက်ပြကာသူတို့ရှိရာသို့လျှောက်လာတဲ့ Boemgyu ကိုတွေ့လိုက်ရသည်။ 

" ယွန်းဂီ Kkyu ပြောစရာရှိလို့ "

" ခင်ဗျာ "

အနားရောက်လာပြီးလက်ကိုလာချိတ်တဲ့ Boemgyu ။ ပြောလိုက်တဲ့စကားတွေနဲ့အပြုအမူအကုန်လုံးကအထူးအဆန်းဖြစ်နေတာကြောင့် SUGA ကြောင်ကြည့်နေမိသည်။ ထယ်ယောင်းကလည်း တော်တော်အံ့ဩသွားပုံပေါ်သည်။ 

The Last HopeМесто, где живут истории. Откройте их для себя