Part : 22 🔮

334 31 7
                                    

ဒီအတိုင်းသာအကုန်မြန်တယ်ထင်ရတဲ့ ၇ ရက်တာအချိန်ကာလက ချစ်သူနဲ့ခွဲနေရသူအတွက်တော့ ဒီကမ္ဘာမှာကုန်ဆုံးဖို့အခဲယဉ်းဆုံးသော ၁၆၈ နာရီဖြစ်ခဲ့သည်။

လူလစ်ချိန်မှာ ထယ်ယောင်းဆီကိုဖုန်းခိုးဆက်ဖို့အတွေးခဏခဏဝင်မိသော်လည်း ကိုယ်တိုင်ကစီနီယာအနေဖြင့် Camp မှာပါဝင်ရတာမို့လို့ ချမှတ်ထားတဲ့စည်းကမ်းတွေကို ကိုယ်ကအရင်ဖောက်ဖျက်ဖို့ရာ SUGA အတွက်မဖြစ်နိုင်ခဲ့ပါ။ 

ထယ်ယောင်းကိုသတိရတာအပြင် Collector အနေနဲ့ကလည်း ပြင်းထန်သောစိတ်စွမ်းအင်လေ့ကျင့်မှုနဲ့ အစီအရင်တွေကိုပြုလုပ်နေရတာမို့လို့ လူပင်ပန်းမှုထက် စိတ်ပင်ပန်းမှုကပိုစေခဲ့သည်။ ဘာပဲဖြစ်ဖြစ်နောက်ဆုံးတော့ ပင်ပန်းမှုတွေရဲ့အဆုံးသတ်နေ့ကိုရောက်ရှိလာခဲ့သည်။

လက်ထဲကိုပြန်အပ်လာတဲ့ဖုန်းကို SUGA ဝမ်းသာအားရဖွင့်ကြည့်လိုက်သည်။ ဖုန်းပြန်မရခင်ကတည်းက ထယ်ယောင်းဆီကပို့ထားမယ့်စာတိုတွေလေးတွေအတွက် ကြိုပြီးရင်ခုန်နေမိသည်။ ချစ်သူတွေမဖြစ်ခင် ခဏခွဲရတုန်းကတောင် ထယ်ယောင်းက သတိရတိုင်းစာတိုလေးတွေပို့ထားတတ်သူမဟုတ်ပါလား။  

စိတ်လောစွာဖွင့်ကြည့်လိုက်သော်လည်း ဘာမှမဝင်ထားသောဖုန်းက မျှော်လင့်ချက်တို့ကို ရိုက်ဖျက်ပစ်လိုက်သည်။

" ဖုန်းပျက်သွားတာလား "

ဘယ်လိုပဲလုပ်ကြည့်ကြည့် ဖုန်းစသိမ်းတဲ့နေ့ကစပြီး ထယ်ယောင်းဆီကဝင်ထားတာ missed call တစ်ခုအပြင် ကျန်တာဘာမှရှိမနေပါ။ ထူပူလာသောစိတ်ကြောင့် SUGA ခပ်သွက်သွက်ပဲ ဖုန်းနံပါတ်တွေကိုနှိပ်လိုက်သည်။ သုံးခါလောက်မြည်သံအပြီးမှာ ဖုန်းပြန်ဖြေတဲ့ထယ်‌ယောင်းရဲ့အသံကိုကြားလိုက်ရသည်။ 

" Hyung "

" ယောင်းလေးပြန်ရောက်ပြီလား အခုဘယ်မှာလဲ..Hyung အလုပ်ကိစ္စပြီးပြီ "

" ပြန်ရောက်နေပြီ..ကျနော်အိမ်မှာ "

" Hyung အခုလာခဲ့မယ်.. "

" မလာပါနဲ့ "

အလျင်အမြန်တားဆီးလိုက်သော ထယ်ယောင်းရဲ့အသံကြောင့် SUGA စိတ်ထဲထင့်သွားမိသည်။ 

The Last HopeWhere stories live. Discover now