Part : 4 🔮

363 41 0
                                    

ဒီနေ့ထယ်ယောင်းအတန်းထဲကိုရောက်တော့ အတန်းသူအတန်းသားတွေက သူ့အုပ်စုနဲ့သူ ကြိတ်ကြိတ် ကြိတ်ကြိတ်နဲ့စကားပြောနေကြသည်။ ထယ်ယောင်းကိုမြင်တော့ သူ့သူငယ်ချင်းမတွေကလည်း အပြေးအလွှားရောက်လာကြသည်။

" ဘာဖြစ်နေကြတာလဲ "

" နင်ဟိုကိစ္စသိပြီးပြီမဟုတ်လား..အဆိုမေဂျာကကောင်မလေး လေယာဉ်ပျက်ကျပြီးသေသွားတာလေ "

" မသိဘူး ဘယ်သူလဲ "

" ကင်မ်အီဟွာ..ငါတို့နဲ့တစ်နှစ်ထဲပဲလေ "

" ကြားတော့ကြားဖူးသလိုပဲ..ဘယ်တုန်းကဖြစ်တာလဲ "

" လွန်ခဲ့တဲ့တစ်ပတ်ကလေဟာ..ဒီလောက် social media တွေမှာပလူပျံနေတာ နင်မသိဘူးလား "

" အေး ငါသိပ်မသုံးဖြစ်လို့ "

" အဲ့ကောင်မလေးက ရုပ်လေးကလည်းချောချောလေးဟယ် အသံကလည်းတော်တော်ကိုကောင်းတာ "

" ဟုတ်လား..သနားပါတယ်"

" အေး..ဒီနေ့ သူ့အစ်ကိုကျောင်းကိုလာမယ်ဆိုလို့ ရုတ်ရုတ်သဲသဲဖြစ်နေကြတာ "

" သူအစ်ကိုလာတာဘာဖြစ်လို့လဲ "

" သူတို့မောင်နှမနှစ်ယောက်လုံးကနာမည်ကြီးကင်မ် Group ရဲ့ သားနဲ့သမီးတွေလေဟာ..သူ့အစ်ကိုဆို စာကလည်းအရမ်းတော် ရုပ်ကလည်းဖြောင့် မာနကလည်းခပ်ကြီးကြီး..နိုင်ငံခြားမှာနေတာသိလား... "

" အေး အေး နင်တို့ဘာသာဆက်ပြောတော့ ငါဂိမ်းဆော့တော့မယ် "

" နင်လည်းအဲ့ဒါပဲ "

ထယ်ယောင်းက သူငယ်ချင်းမတွေနဲ့စကားစဖြတ်ကာ နောက်ဆုံးခုံမှာဝင်ထိုင်ပြီး ဂိမ်းစဆော့တော့သည်။ ထယ်ယောင်းကအခုလိုပင် သူနဲ့မဆိုင်တဲ့ကိစ္စတွေကို စိတ်ဝင်တစားမရှိတတ်ပေ။ သူစိတ်ဝင်စားတာဆိုလို့ ဂိမ်းရယ် Jin Hyung ရယ် သူ့တယောလေးရယ်သာရှိသည်။

#...🔮...#

ကြိမ်းစပ်နေသောမျက်လုံးအစုံ ပျက်ယွင်းနေသောခြေလှမ်းယိုင်နဲ့နဲ့ဖြင့် ဂျွန်း သူ့ညီမလေးတက်ခဲ့သောကျောင်းဝန်းကြီးသို့ရောက်လာခဲ့သည်။

" ငါ့သမီးသေရတာမင်းကြောင့်! ..မင်းဆီသွားလို့ဖြစ်ရတာ! ..မင်းစောက်ကြီးစောက်ကျယ်လုပ်ပြီးနိုင်ငံခြားမှာကျောင်းသွားတက်လို့ဖြစ်ရတာ! "

The Last HopeTahanan ng mga kuwento. Tumuklas ngayon