Part : 24 🔮

333 32 23
                                    

ဒီနေ့ Hope World မှာအရေးကြီးတဲ့နေ့တစ်နေ့ဖြစ်တာနဲ့အမျှ အားလုံးကကိုယ်လုပ်စရာရှိတာကိုသာ တိတ်တဆိတ်လုပ်ကိုင်နေကြသည်။

ဒီနေ့က ဆောင်းဂျယ်ကို Hope World သို့မြှားခေါ်ထားတဲ့နေ့။ သခင် Hope က အရာအားလုံးကို အကွက်ကျကျစီစဉ်ထားခဲ့ပြီးဖြစ်လို့ ဘာတစ်ခုကိုမှ အမှားခံလို့မရတဲ့နေ့ဖြစ်သည်။

" Hope..ဒီနေ့ပြီးရင် Kkyu တို့ကိစ္စကိုတစ်ခါတည်းဆက်ပြီးအကောင်အထည်ဖော်ကြရအောင် "

" စိတ်ချပါ..ကိုယ့်ခေါင်းထဲမှာ အားလုံးအတွက် အစီအစဉ်ချထားပြီးသားပါ "

ညနေ ၆ နာရီ။ အမှောင်တွေကြီးစိုးလာတာနဲ့အမျှ မကောင်းဆိုးဝါးတို့အားကောင်းလာသောအချိန်ကို‌ ဆောင်းဂျယ်ကအတိအကျရွေးချယ်ထားခဲ့သည်။ နှစ်ဖက်လုံးကရှိသမျှပုံအောထားတဲ့ပွဲမလို့ ဘယ်သူကမှတော့လွယ်လွယ်နဲ့ လျှော့လိမ့်မည်မဟုတ်။ ဒါကို သခင် Hope ကောင်းကောင်းသိနေပါသည်။ 

Hope World တစ်ခုလုံးက အမှောင်အတိကျနေကာ ပျက်စီးယိုးယွင်းသွားဟန်ကိုအပီအပြင်ဖော်ပြပေးနေသည်။ ရှိသမျှဂိတ်ပေါက်အားလုံးတွင် အကာအကွယ်တွေအားလုံးကိုအရန်သင့်ဖယ်ရှားပေးထားသည်။ အားနည်းနေတဲ့ Min နဲ့ ကာကွယ်စောင့်ရှောက်ဖို့လိုအပ်တဲ့ ထယ်ယောင်းကိုလည်း အလုံခြုံဆုံးနေရာတွင်ရှိစေကာ ကိုယ်စီအုပ်ထိန်းသူတို့က အသင့်စောင့်ပေးနေကြသည်။ 

သို့သော် ဆောင်းဂျယ်ကဒီလောက်လွယ်တဲ့သူမဟုတ်လို့ မကောင်းဆိုးရွားတွေကိုတောင် ထိန်းချုပ်နေနိုင်တဲ့သူဖြစ်သည်။ 

" သခင်အားလုံးရှင်းနေတာပဲ "

" သေချာလား "

" သိပ်သေချာတာပေါ့..သခင့်ရဲ့ဝှက်ဖဲလေးကအသုံးကျလိုက်တာ "

" ပြန်မယ် "

အရာအားလုံးရှင်းလင်းနေတဲ့ Hope World တံခါးအနားသို့ Despairs ကောင်တို့ကို အကဲခတ်စေပြီးတဲ့နောက်ဆောင်းဂျယ်က ဝင်လာခဲ့ဖို့မတွေးဘဲ ပြန်ဖို့စကားကိုဆိုလာခဲ့သည်။ 

" ဘယ်လိုဖြစ်တာလဲသခင်ရဲ့ "

" ထယ်ယောင်းကဝှက်ဖဲမဟုတ်ဘူး နောက်ကျောကိုထိုးမယ့်ဓားပဲ..ငါသူ့ကိုပေးလိုက်တဲ့အဆောင်လက်ဖွဲ့တွေက Hope World ကရှိသမျှအစောင့်အရှောက်တွေအားလုံးရှင်းလင်းသွားနိုင်လောက်တဲ့အထိအစွမ်းမထက်ဘူး "

The Last HopeOù les histoires vivent. Découvrez maintenant