Part : 16 🔮

320 36 2
                                    

နောက်ဆုံးလက်တွေ့စာမေးပွဲကို မျှော်မှန်းထားသလိုမျိုး ကောင်းစွာတီးခတ်ပြနိုင်ခဲ့တဲ့နောက် ပေါ့ပါးသောခြေလှမ်းတွေဖြင့် ထယ်ယောင်းကျောင်းအပြင်သို့ထွက်လာခဲ့လိုက်သည်။ 

ကျောင်းနှစ်လပိတ်တော့မယ်ဆိုပေမယ့် အိမ်ပဲပြန်ရမလား ဒီမှာပဲဆက်နေရမလား သူမဆုံးဖြတ်ရသေးပါ။ သေချာတာကတော့ သူစောင့်နေရတဲ့သူနဲ့တွေ့ပြီးမှ ကျန်တာတွေကိုဆက်လုပ်နိုင်မည်ဆိုတာပင်။ 

မတွေ့ရတဲ့ရက်တွေထဲ SUGA Hyung အပေါ်သူ့ခံစားချက်တွေက သေချာစဉ်းစားကြည့်လေ ပိုပြီးပီပြင်လာလေဖြစ်သည်။ SUGA Hyung ကိုသူရင်ခုန်သည်။ တစ်သက်လုံးမပြောင်းနိုင်တော့ဘူးလို့ထင်ထားတဲ့စိတ်တွေက SUGA Hyung နဲ့တွေ့တော့အလွယ်တကူပင် နစ်မြောပြောင်းလဲသွားသည်။ 

သူ့ Hyung အပေါ်ကို သစ္စာဖောက်တော့မှာလား။ ဒီအတွက်တော့သူ့မှာအဖြေမရှိပါ။ အခုချိန်မှာသူသိတာကတော့ SUGA Hyung ကိုအရမ်းလွမ်းနေပြီဆိုတာပင်။

" Hyung ဘယ်တော့ပြန်လာမှာလဲ "

မဖတ်ဖြစ်မှန်းသိပေမယ့် သတိရတိုင်းလုပ်မိနေကျအကျင့်အတိုင်း SUGA Hyung ဆီသို့စာပို့လိုက်သည်။ 

" Seen ဖြစ် သွား တယ် "

ဖုန်းမျက်နှာပြင်ကိုကြည့်ပြီး ထယ်ယောင်းရေရွတ်မိလိုက်သည်။ ထို့နောက် တစ်ဖက်မှစာပြန်ရိုက်သောအခါပေါ်လာသော အစက်သုံးစက်ကို တစ်ခါမှမမြင်ဖူးသလိုကြောင်ငေးနေမိသည်။ နှလုံးသားကလည်း ထိုအစက်လေးတွေနဲ့အတူတူခုန်ပေါက်လျက်။

" ထယ်ယောင်းအနောက်ကိုကြည့် "

သူအလျင်အမြန်လှည့်ကြည့်လိုက်သောအခါ ကားကိုမှီပြီးရပ်နေသော သူ့ရဲ့အလွမ်းဓာတ်လေး။

" Hyung! " 

ပတ်ဝန်းကျင်တွေဘာတွေလည်းသူမကြည့်အားတော့။ အကျယ်ကြီးအော်ခေါ်ကာအပြေးသွားမိသည်။ SUGA Hyung ကတော့ပြုံးပြုံးကြီးရပ်ကြည့်နေသည်။

" ဘယ်တုန်းကပြန်ရောက်တာလဲဗျာ "

" အခုပဲ "

" Hyunggg "

အရမ်းသတိရနေကြောင်း အပိုစကားတွေနဲ့မပြောပြတတ်တော့ Hyung ဟုသာခပ်ခပ်ချွဲချွဲခေါ်မိသည်။ ဘာမှပြောစရာမလိုအောင် သူ့ကိုနားလည်သော Hyung က ဆံပင်လေးတွေကို ခပ်ဖွဖွပွတ်ပြီးပြောလာသည်။

The Last HopeWhere stories live. Discover now