" ထယ်ယောင်း ထယ်ယောင်း "
နေ့လည်စာထွက်မစားဘဲ practice room ထဲမှာပဲ တယောတလက်ဖြင့်ကျန်ခဲ့သော ထယ်ယောင်းဆီသို့ သူငယ်ချင်းမတွေအလောတကြီး ရောက်လာကြသည်။
" ငါတို့ oppa..Jin oppa အထိုးခံလိုက်ရလို့ "
" ဘာာ!! "
Jin ကိုကျောင်းမှာမိန်းကလေးတော်တော်များများက သူတို့ oppa ဟုသာသုံးနှုန်းကာပြောတတ်ကြသည်။ ထယ်ယောင်းရဲ့သူငယ်ချင်းမတွေက ထယ်ယောင်းနဲ့Jinရဲ့ခင်မင်မှုကိုသိတာကြောင့် ဒီကိစ္စကိုသိသိချင်းထယ်ယောင်းဆီသို့ပြေးလာကြခြင်းဖြစ်သည်။
" ငါတို့ oppa ကလည်း ဘာကြောင်တာလဲမသိဘူး..ကင်မ် Group ရဲ့သားကို ကိုကိုလို့သွားခေါ်ပြီးသွားဖက်တယ်တဲ့ "
" ဘာပြောတယ် !!! "
သူ့သူငယ်ချင်းမတွေရဲ့စကားတွေကိုကြားသော်လည်း သူသိသော Jin Hyung နဲ့လုံးဝဆန့်ကျင်နေတဲ့ စကားတွေဖြစ်တာကြောင့် ထယ်ယောင်းထအော်မိရခြင်းဖြစ်သည်။
" Hyung အခုဘယ်မှာလဲ "
" ကားပါကင်ဝန်းထဲမှာတဲ့ "
ထယ်ယောင်းလမ်းမှာတွေ့သမျှ လူဘယ်နှယောက်ကိုဝင်တိုက်ကာပြေးထွက်လာမိမှန်းမသိတော့ပါ။
#...🔮...#
Jin ခုနကသူဖြစ်ခဲ့သောအဖြစ်အပျက်များကို ကြောက်တာရော ရှက်တာရော ခံစားချက်တွေအားလုံးရောထွေးကာ ကားပါကင်ကချောင်တစ်ချောင်မှာဝင်ထိုင်နေလိုက်သည်။
တစ်ကျောင်းလုံးမှာ Jin ကိုမသိသူမရှိတာကြောင့် အခုအချိန်ဆို လူတိုင်းသူ့အကြောင်းပြောနေကြလောက်ပြီဖြစ်သည်။ ကျောင်းတက်နေစဉ်တစ်လျှောက်လုံး သူ့သိက္ခာနဲ့သူနေခဲ့သမျှ အခုကျောင်းပြီခါနီးမှ ကြောင်တောင်တောင်နိုင်သောအဖြစ်မျိုးနဲ့ကြုံရတော့သည်။
Jin ထိုင်နေရင်းနဲ့ နည်းနည်းချမ်းစိမ့်စိမ့်လိုဖြစ်လာကာ သူ့ပတ်ဝန်းကျင်တွင် အမှောင်ကျလာသလို ခံစားလိုက်ရသည်။ အကြောင်းမှာ လူတွေအလစ်ကိုချောင်းနေသော despair တစ်ကောင်က Jin နားသို့ချည်းကပ်လာနေသောကြောင့်ဖြစ်သည်။

YOU ARE READING
The Last Hope
Fantasyဖြူစင်သော ဝိညာဉ်တွေရဲ့ နောက်ဆုံးမျှော်လင့်ချက် Hope World မှကြိုဆိုပါတယ်။ **Unicode+Zawgyi** OTP - Namjin, Taegi, Jikook From 10th Aug, 2021 to 15th Oct, 2021~