Part : 3 🔮

396 42 4
                                    

SUGA မျက်လုံးမှိတ်ကာ အာရုံခံစားကြည့်နေသည်။ သူဒီအလုပ်ကိုလုပ်တာ သူများ‌တွေနဲ့ယှဉ်ရင် သိပ်မကြာသေးသော်လည်း သူ့အာရုံခံနိုင်စွမ်းကတော့တော်တော်လေးစွမ်းသည်။ တော်ရုံခက်ခဲတာလောက်ကတော့ သူ့အတွက်မပြောပလောက်ပါ။ ဒါပေမယ့် သခင်ကြီး J Hope သတိပေးခဲ့သလိုပင် ဒီတစ်ခေါက်ကိစ္စကိုအာရုံခံစားမှုမှာ ထင်ထားတာထက်ပိုပြီးခက်ခဲရှုပ်ထွေးနေသည်။

လောလောဆယ်သူ့စိတ်ထဲမှာ ဖြူစင်တဲ့ဝိညာဉ်ရဲ့အငွေ့အသက်ကိုခံစားမိနေတဲ့ အိမ်တစ်အိမ်ရှိတာကြောင့် ထိုအိမ်သို့အရင်သွားကြည့်ရန်ဆုံးဖြတ်လိုက်သည်။

SUGA အိမ်ရှေ့ရောက်ကတည်းက လူခေါ်ဘဲလ်ကို အကြိမ်ကြိမ်နှိပ်ကြည့်သော်လည်း လူရှိသည့်အရိပ်အယောင်ကိုမတွေ့ရပါ။ ဒီအတိုင်းဆို သခင်ကြီး Hope အစီအရင်ဖြင့် မှော်သော့တံကိုယူပြီးမှ ပြန်လာဖို့စဉ်းစားလိုက်သည်။

စွမ်းအားရှင်တွေကိုယ်တိုင်ကလည်း လူသားပင်ဖြစ်တာကြောင့် သူတို့မစွမ်းဆောင်နိုင်သည့်ကိစ္စရပ်များတွင် သခင်ကြီး Hope ရဲ့အကူအညီကိုယူ‌လေ့ရှိသည်။

SUGA လက်လျော့ကာပြန်ဖို့ စင်္ကြန်ဘက်သို့လျှောက်လာလိုက်သည်။

ထိုအချိန်မှာပဲ Jin Hyung ကအရင်ပြန်ခိုင်းလိုက်လို့ တစ်ယောက်တည်းပြန်လာတဲ့ ထယ်ယောင်းကလည်းဓာတ်လှေကားထဲမှထွက်လာသည်။

SUGA နဲ့ ထယ်ယောင်းတို့ စင်္ကြန်လမ်းတွင် ပခုံးခြင်းထိကပ်လုနီးပါး ဘေးတိုက်ဖြတ်လျှောက်သွားလိုက်ကြသည်။

ထိုစဉ် SUGA ရင်ဘက်ထဲကရုတ်တရက်ဆူးအောင့်လာကာ ခန္ဓာကိုယ်မှာကိုင်းညွှတ်ကျသွားသည်။

သူ့ဘေးကလူကရုတ်တရက်လဲကျမလိုဖြစ်သွားတာကြောင့် ထယ်ယောင်းလန့်သွားကာပခုံးကိုလှမ်းကိုင်ပြီးမေးလိုက်သည်။

" ဟေ့လူ ဘာဖြစ်တာလဲ..ရရဲ့လား "

မထင်မှတ်ထားပဲ သူ့ကိုထိတွေ့လာသော လက်ဖဝါးတစ်စုံရဲ့အထိအတွေ့က SUGA တစ်ကိုယ်လုံးကိုဓာတ်လိုက်သလိုကျဉ်တက်သွားစေသည်။

SUGA ကြည့်လိုက်‌သောအခါ သူ့ကိုစိုးရိမ်တကြီးကြည့်နေသော ကျားပေါက်လေးလိုကောင်လေးတစ်ယောက်။ ရုတ်တရက် SUGA အာရုံထဲတွင် အတွေးတွေရှုပ်ထွေးစွာလျှောက်ပြေးကုန်သည်။

The Last HopeOnde histórias criam vida. Descubra agora