Part : 12 (1) 🔮

307 33 0
                                    

" ကင်မ်နမ်ဂျွန်း..ကင်မ်နမ်ဂျွန်းရေ ဘယ်အချိန်ထိအိပ်နေမှာလဲ "

နေ့လည်ဘက်ကျောင်းသွားမယ်စဉ်းစားထားသော်လည်း ၁ နာရီကျော်တာတောင်မနိုးသေးတဲ့ ဂျွန်းကြောင့် Jin အခက်တွေ့နေသည်။ 

" ကင်မ် နမ် ဂျွန်း "

အသံကိုမြှင့်ပြီးခပ်ကျယ်ကျယ်အော်ခေါ်လိုက်မှ ဂျွန်းမျက်လုံးတွေတဖြေးဖြးပွင့်လာသည်။ ထို့နောက်ချက်ချင်းပဲထထိုင်လိုက်သည်။

" ဘယ်ကိုရောက်နေတာလဲ "

" ငါ့အိမ်မှာ "

" ဘာအကြံနဲ့မင်းအိမ်ကိုခေါ်လာတာလဲ "

ဂျွန်းရဲ့စကားကြောင့် Jin မျက်မှောင်ကျုံ့ပြီးကြည့်လိုက်သည်။

" ဒီမှာ မူးပြီးသတိမရှိတဲ့ မင်းကိုယ်လုံးကြီးကိုမနိုင်မနင်း ကားပေါ်တင်၊ တိုက်အောက်ရောက်တော့လည်း မနဲအပေါ်ရောက်အောင်ခေါ်လာ၊ အပေါ်ရောက်ပြန်တော့လည်း မူးမူးရူးရူးနဲ့ အိမ်သာထသွားချင်ရင်လွယ်အောင် ငါ့အခန်းမှာပဲပေးအိပ်ပြီး ငါကအပြင်ကခုံပေါ်မှာအိပ်ရတာ စကားကိုကြည့်ပြော "

Jin ကမျက်နှာတမော့မော့ လက်ညိုးတထိုးထိုးဖြင့် တရစပ်ရန်တွေ့တော့သည်။ 

" မင်းက လူလိမ်မဟုတ်ရင် rapper ပဲဖြစ်ရမယ် "

ဂျွန်းကရီပြီးကောက်ချက်ချလိုက်သည်။ 

" ကဲပါ sry ပါ..ငါကအပြောအဆိုသိပ်မတတ်ဘူး "

" အခုထ ပြင်ဆင်တော့..ဒီမှာမင်းအတွက် သွားတိုက်တံ.. ပြီးရင်ထမင်းလာစား..ငါမနက်စာချက်ထားတာ နေ့လည်စာတောင်ဖြစ်သွားပြီ..စားပြီးရင် မနေ့ကပြောထားတဲ့ကိစ္စသွားမယ် "

Jin ကပြောပြီးတာနဲ့အခန်းထဲကထွက်သွားသည်။ ဂျွန်းရဲ့ဘဝမှာ အမေဆုံးပြီးကတည်းက သူ့ကိုအခုလို ဂရုတစိုက် ဆူငေါက်မဲ့သူမျိုးမရှိခဲ့ပါ။ မာနကြီးသောကင်မ်နမ်ဂျွန်းပင်ဖြစ်သော်လည်း အခုလိုအပြောအဆိုခံရတာမျိုးကိုစိတ်မဆိုးမိ။ ပြောရရင်သဘောတောင်ကျမိသလိုလိုပင်။ 

ဂျွန်းမျက်နှာသစ်ပြီး အခန်းထဲကထွက်လာတော့ ထမင်းစားစားပွဲမှာ အသင့်စောင့်နေတဲ့ Jin ကိုတွေ့လိုက်ရသည်။ စားပွဲပေါ်က ထမင်းပူပူနွေးနွေး အမူးပြေဟင်းရည်ပူပူ နဲ့ ကြက်ဥလိပ် တို့ကိုတွေ့တော့ ဂျွန်းဟန်ဆောင်ပန်ဆောင်မလုပ်နိုင်တော့ဘဲ Jin ရှေ့ကခုံမှာဝင်ထိုင်လိုက်သည်။ သူအခုလိုအိမ်ထမင်းအိမ်ဟင်းမစားရတာတော်တော်ကြာနေပြီလေ။

The Last HopeTempat cerita menjadi hidup. Temukan sekarang