" Jin oppa.. "
Jin ဖုန်းသို့ နံပါတ်အစိမ်းဖြင့်ဖုန်းဝင်လာလို့ကိုင်လိုက်တော့ အီဟွာဖြစ်နေသည်။
" အီဟွာလား "
" ဟုတ်တယ်..ကိုကိုက oppa အိမ်မှာလား "
" ဟုတ်တယ်..အခုထိအိပ်ယာမထသေးဘူး "
" ဘယ်လိုဖြစ်လို့ oppa အိမ်ပဲလာနေနေတာလဲ "
" မသိပါဘူး အီဟွာ့အစ်ကိုကတော့ တကယ် ပြောလို့လည်းမနိုင်ဘူး "
" ဒါနဲ့ အီဟွာ့ဖေဖေကိစ္စဒီနေ့ညနေလုပ်ဖြစ်တော့မယ်နော် "
" ဟုတ်..ဟွာသတိရပါတယ်..အဲ့ဒါကြောင့်လည်းဖုန်းဆက်လိုက်တာ..ညနေဟွာလည်းလာခဲ့မယ်..Jeon နဲ့ Min ကိုလိုက်ပို့ပေးဖို့ပြောထားတယ် "
" အင်း ကောင်းတာပေါ့ "
Jin ဖုန်းချပြီးနောက် ဂျွန်းနဲ့အတူတူ စိတ်ကျန်းမာရေးဆရာဝန်ထံ ဂျွန်းအဖေနဲ့ပတ်သက်ပြီး ဆွေးနွေးကြည့်ခဲ့တုန်းကအကြောင်းကိုပြန်ပြီးတွေးနေမိသည်။
စိတ်ကျန်းမာရေးဆရာဝန်ရဲ့အဆိုအရ ဂျွန်းအဖေ၏အပြုအမူများသည် Intermittent Explosive Disorder (IED) လို့ခေါ်တဲ့ ပုံမှန်မဟုတ်ဘဲအလွန်အကြူးဒေါသထွက်တတ်ခြင်း၊ စိတ်မထိန်းနိုင်ဘဲ အကြမ်းဖက်တတ်ခြင်း စတဲ့လက္ခဏာတွေ တွေ့နေရတာကြောင့် ဆရာဝန်က သူနဲ့သေချာဆွေးနွေးကြည့်ဖို့အကြံပေးသည်။
ဂျွန်းရဲ့အဖေက လွယ်လွယ်နဲ့လက်ခံမယ့်သူမဟုတ်တာကြောင့် ဆရာဝန်ကိုအိမ်အထိပင့်သွားပြီး မဖြစ်ဖြစ်အောင် အတင်းအကြပ်တွေ့ပေးဖို့သာ သူတို့အစီအစဉ်ဆွဲဖြစ်ခဲ့ကြသည်။
" ဂျွန်း ထတော့ "
" အင်းးး "
ဂျွန်းကနိုးနိုးခြင်းသူ့ပါးချိုင့်ကြီးခွက်နေအောင်ပြုံးပြလာသည်။
" ဘာတွေသဘောကျနေတာလဲ "
" လှလို့ "
" ဘယ်လို "
" မနက်ခင်းလေးကလှလို့ပါ "
" စိတ်ကောမှန်သေးရဲ့လား "
" ဟား ဟား "
" ခုနအီဟွာနဲ့ဖုန်းပြောရတယ်..ညနေကိစ္စအီဟွာပါလာခဲ့မယ်တဲ့ "
ESTÁS LEYENDO
The Last Hope
Fantasíaဖြူစင်သော ဝိညာဉ်တွေရဲ့ နောက်ဆုံးမျှော်လင့်ချက် Hope World မှကြိုဆိုပါတယ်။ **Unicode+Zawgyi** OTP - Namjin, Taegi, Jikook From 10th Aug, 2021 to 15th Oct, 2021~