Part : 25 🔮 (Final)

647 34 19
                                    

အိပ်ပျော်နေရင်းကမှ မခံမရပ်နိုင်အောင် ပူအိုက်လာမှုကြောင့် မိုးမလင်းခင်အချိန်မှာ Min နိုးလာခဲ့ရသည်။ နိုးလာတော့မှပူအိုက်နေရခြင်းရဲ့အကြောင်းတရားဖြစ်သော ရင်ဘက်ပေါ်မှသန်သန်မာမာလက်မောင်းကြီးတွေကို မနဲဖယ်ရှားတွန်းကန်လိုက်ရသည်။ 

အရင်ကဘယ်လောက်ပဲနှစ်ယောက်တစ်ခန်းနေသော်လည်း ကိုယ့်အိပ်ယာနဲ့ကိုယ်မလို့ ဒီလိုဒုက္ခမျိုးမရှိပေမယ့် ပြဿနာတွေဖြစ်ပြီးကတည်းက Jeon ကခပ်တည်တည်ပင်ကုတင်နှစ်ခုကိုပူးကပ်ထားလိုက်တော့သည်။ စစချင်းတော့ Min ကိုယ်တိုင်ကလည်း ဘာမှအထွန့်မတက်ခဲ့ပေမယ့် နေ့တိုင်းနီးပါးအခုလိုပူအိုက်ပြီးနိုးလာရတဲ့အခါ စိတ်ကမကြည်တော့ပေ။

" Jeon ထစမ်းကွာ "

" အစောကြီး..ဘာဖြစ်တာလဲကွာ "

" သွားကွာ မင်းဘာမင်းအိပ်..ငါကောင်းကောင်းကိုမအိပ်ရဘူး..ဘာလို့ဒီလောက်ကပ်နေရတာလဲ "

အိပ်တစ်ဝက်နိုးတစ်ဝက်ဖြင့် မျက်လုံးတောင်မပွင့်သေးဘဲ Jeon ကပြုံးသည်။ ပြီးတော့ ဟိုဘက်ကိုမတိုးသည့်အပြင် Min အနားသို့ပိုတိုးလာပြန်သည်။ 

" ဟေ့ကောင်!! ပူလို့သေတော့မယ်လို့ "

" ပူရင် air con ဖွင့်ပေါ့ကွာ "

" ဘယ်မှာလဲ remote..ရှာပေး ရှာပေး "

Min ပြောချင်ရာပြော ကိုယ့်ဘာကိုယ်အေးရာအေးကြောင်းပြန်အိပ်မယ်လုပ်နေသော်လည်း အားနည်းနေတယ်ဆိုသော အကောင်သေးသေးလေးရဲ့ တွန်းထိုးမှုတွေကြောင့် Jeon ထထိုင်ပြီး remote လိုက်ရှာရတော့သည်။

" ရော့ကွာ ရော့ "

" နေဦး ငါ့ဖုန်းယူပေးဦး..ငါပြန်အိပ်လို့မရတော့ဘူး မျက်စိကျယ်သွားပြီ "

" Min မနက်လေးနာရီပဲရှိသေးတာနော်"

" ယူပေးစမ်ပါ "

" ရော့ ရော့ "

ဒီတစ်ခါတော့ တကယ်ပြန်အိပ်တော့မည်အတွေးနဲ့အိပ်ယာပေါ်ပြန်တက်လိုက်သော်လည်း အစောကြီးနိုးသွားရလို့ မကျေမနပ်ဖြစ်နေသူလေးရဲ့ဂဂျီဂကြောင်မှုတွေကမပြီးသေးပါ။

" ခေါင်းစွပ်..ဗီရိုထဲကခေါင်းစွပ်ယူပေးဦး မင့် air con ကြီးကငါ့ခေါင်းအေးတယ် "

The Last HopeWhere stories live. Discover now