Part : 13 🔮

316 35 4
                                    

ဟိုတစ်ခေါက်ကိစ္စဖြစ်ပြီးကတည်းက ထယ်ယောင်းနှင့် Jin တို့အနေခပ်စိမ်းစိမ်းဖြစ်သွားကြသည်။ နဂိုတည်းက ကျောင်းမှာသိပ်ပြီးတွေ့စရာမရှိသည့်အပြင် သူတို့နှစ်ယောက်ကလည်း တစ်ယောက်ကိုတစ်ယောက် အပြိုင်ရှောင်နေသောကြောင့် ပိုပြီးဝေးကွာသွားကြသည်။

Jin က အီဟွာနှင့် ဂျွန်းတို့ကြားတွင် တစ်နေ့တစ်နေ့ စကားဖြင့်ပို့ဆောင်ဆက်သွယ်ရေးလုပ်ရင်းဖြင့်သာအချိန်ကုန်ရသည်။ အဓိကကတော့ အဖေနှင့်ပြေလည်အောင် ညှိစေချင်သောညီမနှင့် လုံးဝအလျှော့မပေးချင်သောအစ်ကိုကြားညက်နေရခြင်းပင်။ 

ထယ်ယောင်းကတော့ အိမ်ကိုလုံးဝမပြန်တော့ဘဲ ချွေးထုတ်ခန်းနဲ့ဂိမ်းဆိုင်တို့တွင်သာပတ်ပြီးနေနေသည်။ တစ်ခါတစ်ရံ ကျောင်းက practice room တွင်ညလုံးပေါက်သည့်ရက်များလည်းရှိသည်။ ထိုကဲ့သို့ပေပေတေတေလုပ်နေသော ထယ်ယောင်းကို အစားတော့ပုံမှန်စားဖြစ်အောင် မနက် နေ့လည် ညတိုင်း ဖုန်းနဲ့သတိပေးတစ်လှည့်၊ လူကိုယ်တိုင်ရောက်လာတစ်လှည့်လုပ်တတ်သူကတော့ SUGA ပင်ဖြစ်သည်။

" Hyung ဒီနေ့နေ့လည် ကျောင်းကိုလာခဲ့မယ်..နေ့လည်စာမစားနှင့်နဲ့ဦးနော် "

" yesss..မြန်မြန်လာခဲ့နော် Hyung"

" ဘာစားချင်လည်းစဉ်းစားထား "

" အမ် အမ်..ဒီနေ့အတွက် Donkasu"

" ok "

SUGA နဲ့ စာအပြန်အလှန်ပို့ပြီးနောက် ထယ်ယောင်းကလွယ်အိတ်ထဲသို့ စာအုပ်တွေကောက်သိမ်းလိုက်သည်။ 

Oops! Questa immagine non segue le nostre linee guida sui contenuti. Per continuare la pubblicazione, provare a rimuoverlo o caricare un altro.

SUGA နဲ့ စာအပြန်အလှန်ပို့ပြီးနောက် ထယ်ယောင်းကလွယ်အိတ်ထဲသို့ စာအုပ်တွေကောက်သိမ်းလိုက်သည်။ 

" ဟဲ့ canteen မလိုက်ဘူးလား "

canteen သွားဖို့ပြင်နေသည့် သူငယ်ချင်းမတွေက ထယ်ယောင်းကိုမေးလာသည်။ 

The Last HopeDove le storie prendono vita. Scoprilo ora