" Hyung ကျနော်ရောက်ပြီနော် "
ပို့ထားတာကြာပြီဖြစ်သော်လည်း ပြန်စာမဝင်လာသေးသောဖုန်းကို ထယ်ယောင်းနောက်ထပ်တစ်ကြိမ်ထုတ်ကြည့်လိုက်သည်။
" Hyung အဆင်ရောပြေရဲ့လားမသိဘူး "
" သားတော်မောင် ရောက်ကတည်းက ဖုန်းတကိုင်ကိုင်နဲ့ ရိုးမှရိုးရဲ့လား "
" အာ တီလေးကလည်း "
ဆေးရုံကုတင်မှာလှဲနေတဲ့ တီလေးက ထယ်ယောင်းကိုလှမ်းစသည်။
" ငါတော့မထင်ဘူးဟေ့ "
ဘယ်အချိန်ကတည်းက အခန်းထဲရောက်နေမှန်းမသိသော ထယ်ယောင်းရဲ့အမေကလည်း ဝင်ထောက်ခံသည်။
" မေမေကလည်း ရိုးပါတယ် "
" အေးပါ အေးပါ ငါ့သားပြောတာယုံရမှာပေါ့..တစ်ယောက်တည်းနေရတာအဆင်ရောပြေရဲ့လား သားလေး "
" ဟုတ် ပြေပါတယ် "
" အစ်မရေ ငယ်ငယ်က ထမင်းတွေခွံ့ကျွေးခဲ့ရတဲ့ပေကတူးကောင်လေးက အခုသူဘာသူတစ်ယောက်တည်းတောင်နေနိုင်နေပြီနော်..ကျမတို့အသက်တော်တော် ကြီးလာပြီထင်တယ် "
" အေးဟယ် "
ထယ်ယောင်းမေမေနဲ့တီလေးတို့က သူ့တို့ဘဝကို ထယ်ယောင်းဆီမှာပဲရင်းနှီးမြုပ်နှံထားခဲ့သူများဖြစ်သည်။ ဖတဆိုးသားလေးဖြစ်သော်လည်း မိခင်နှစ်ယောက်ရဲ့မေတ္တာကိုရခဲ့သလိုဖြစ်သော ထယ်ယောင်းရဲ့ဘဝက အမြဲတမ်းနွေးထွေးလုံခြုံခဲ့သည်။
" အခုသတိရတုန်း တစ်ခါတည်းပြောရဦးမယ်..သားငယ်ငယ်တုန်းက သုံးခဲ့တဲ့ပစ္စည်းလေးတွေကိုလေ မေမေနဲ့တီလေးတို့က ချစ်လို့အကုန်လုံးသိမ်းထားတာ..ဒါပေမယ့် ဒီတစ်ခါသားဖေဖေနှစ်ပတ်လည်နေ့ကျရင် မိဘမဲ့ဂေဟာကိုလှူရင်းနဲ့ အဲ့ပစ္စည်းလေးတွေထဲက ကောင်းသေးတာလေးတွေပါထည့်လှူမလားလို့..မေမေတို့ သေချာဖုန်တွေဘာတွေပြန်သုတ်ထားတယ်..အိမ်ပြန်ရောက်ရင်ကြည့်လိုက်ပါဦး..သားသိမ်းထားချင်တာရှိရင်ယူထားလို့ရအောင် "
" ဟုတ်လား..မရှိလောက်တော့ပါဘူးမေမေရယ်..ဘာပစ္စည်းတွေလဲတောင်သတိမရတော့ဘူး "

YOU ARE READING
The Last Hope
Fantasyဖြူစင်သော ဝိညာဉ်တွေရဲ့ နောက်ဆုံးမျှော်လင့်ချက် Hope World မှကြိုဆိုပါတယ်။ **Unicode+Zawgyi** OTP - Namjin, Taegi, Jikook From 10th Aug, 2021 to 15th Oct, 2021~