Part : 6 🔮

345 36 0
                                    

SUGA ရဲ့တည့်တိုးဆန်သော မိတ်ဆက်စကားကြောင့် ထယ်ယောင်းနှင့် Jin တို့ခဏကြောင်သွားကြသည်။ ထို့နောက် သူ့ကိုကြည့်ပြီးပြောလာတာဖြစ်သောကြောင့် Jin ကအကျိုးအကြောင်းပြန်မေးလိုက်သည်။ 

" ဘာကိစ္စရှိလို့ပါလဲခင်ဗျ "

" ဒီက.. "

" ကျနော့်နာမည် Jin ပါ "

" ဟုတ် Jin shi..အခုရက်ပိုင်းအတွင်းမှာ ထူးထူးဆန်းဆန်းအိပ်မက်မက်တာ ဒါမှမဟုတ် ကိုယ်ဆန္ဒမပါဘဲ ကိုယ်ခန္ဓာလှုပ်ရှားမှုဖြစ်တာမျိုးကြုံရတာရှိတယ်မလား "

" ဗျာ "

" အဲ့လိုဆို ကျနော့်ကိုအချိန်နည်းနည်းပေးပါ.. "

" ဒီမှာ စိတ်တော့မရှိပါနဲ့ "

ထယ်ယောင်းရဲ့ဖြတ်ပြောလိုက်သောစကားသံကြောင့် SUGA ပြောလက်စစကားကိုခဏရပ်လိုက်သည်။

ထယ်ယောင်းက တစ်ကိုယ်လုံးအနက်ရောင်ဝမ်းဆက်ဝတ်ထားသော SUGA ရဲ့ပုံစံကို ခေါင်းအစခြေအဆုံး တစ်ချက်ကြည့်ကာ တွေးတွေးဆဆပြောလာသည်။

" ဒီက နတ်ဆရာလား အကြားအမြင်ဆရာလားတော့မသိဘူး..ကျနော်တို့အဲ့ဒါတွေ အယုံအကြည်မရှိဘူးဗျ "

" ထယ်ယောင်း နေဦး "

SUGA ကိုမယုံသင်္ကာပြောလာသော ထယ်ယောင်းရဲ့စကားကို Jin ကချက်ချင်းတားမြစ်လိုက်သည်။

" အိမ်ထဲဝင်ပါ SUGA shi "

" Hyung.. "

" ထယ်ယောင်း..အခန်းထဲမှာဝင်နေ "

SUGA ကမဲ့ပြုံးလေးတစ်ချက်ပြုံးပြီးအိမ်ထဲ၀င်လိုက်သည်။

ထယ်ယောင်းကမကျေမနပ်ဖြစ်နေသော်လည်း Jin ရဲ့စကားကိုမလွန်ဆန်နိုင်တာကြောင့် နာခံလိုက်ရသည်။ အခန်းထဲမဝင်ခင် SUGA ဆိုသူကို ဘုကြည့်ကြည့်လိုက်တော့လည်း ထိုလူကနာမည်နဲ့မလိုက်အောင် ခါးသက်သက်မျက်နှာပေးဖြင့်ထိုင်နေသည်။

" စိတ်တော့မရှိပါနဲ့..SUGA shi က ဘာအလုပ်လုပ်တဲ့သူလည်းသိလို့ရမလား "

" လိုရင်းကိုပဲပြောရရင် ကျနော်ကဝိညာဉ်စုဆောင်းတဲ့သူ..ခင်ဗျားကိုယ်ထဲမှာ ကျတော်အလိုရှိနေတဲ့ဝိညာဉ်ပုန်းအောင်းနေတယ်..ဒါကြောင့် ခင်ဗျားဆီရောက်လာခဲ့တာပဲ "

The Last HopeWhere stories live. Discover now