နောက်နေ့မနက်ရောက်တော့ အင်္ကျီအသစ်နဲ့သူ့ကုတင်ပေါ်ပြန်ရောက်နေပြီ။ဘယ်လိုပြန်ရောက်လာတာလဲမသိပေမဲ့ ဒီနေ့ကြုံရမဲ့ကိစ္စတွေကိုတွေးမိတော့ရင်လေးမိသား။သူ့အမှားတွေကဒီအချိန်ကစတာ၊ သူသာ ဆင်တူတဲ့အမှားမျိုးထပ်မမှားရင် . . . .
တံခါးပွင့်သွားပြီး ဝင်လာတဲ့သူကိုကြည့်ရင်း အံ့သြသွားသည်။ဝင်လာတဲ့သူကသူ့ရဲ့ဦးရီးတော် ချန်ယွိ ။ သူမှတ်မိသလောက် အရင်ဘဝက သူ့ဦးရီးတော်သူ့ဆီမလာဖူးပါဘူး။
ဟုတ်တယ် သူ့ရဲ့ဦးရီးတော်. . . မြစိမ်းတောင်သခင် ချန်ယွိ။ဟယ်ပင်ပြည်မှာ အင်အားကြီးပြီးနိုင်ငံရဲ့ထောက်တိုင်ကြီးလေးတိုင်လို့တင်စားရတဲ့လူလေးဦးရှိတယ်။အရှေ့ပိုင်းကအမတ်ချုပ်ကြီးချုပ်ကြီး ဝေ့ကျစ်ရွှမ်း၊ အနောက်ပိုင်းက မြစိမ်းတောင်သခင် ချန်ယွိ၊ တောင်ပိုင်းက စစ်သူကြီး မုရုံကျန့်၊ မြောက်ပိုင်းကဘုရင့်ကိုယ်ရံတော်တပ်ခေါင်းဆောင်လီကုဝေ။
အများအမြင်မှာမြစိမ်းတောင်က ဆေးပင်တွေနဲ့တစ်နိုင်ငံလုံးကဆေးဆိုင်တွေကြောင့် တောင်သခင်ကအင်အားကြီးတာလို့ထင်ကြပေမဲ့ အမှန်ကမြစိမ်းတောင်ဆိုတာ အရိပ်စစ်သည်တွေကိုမွေးထုတ်ပေးပြီး၊ သတင်းအချက်အလက်တွေစုဆောင်းတဲ့နေရာဖြစ်သည်။ဒါပေမဲ့ဒီအကြောင်းအရာတွေကိုတော့ ဘုရင်တစ်ဦးသာသိရှိပြီး တောင်သခင်ကိုအမိန့်ပေးနိုင်တာလည်းဘုရင်ကိုယ်တိုင်ပဲ။
တောင်သခင်တွေကတစ်ကိုယ်တည်းနေတာများပြီးအနားယူချိန်တန်ရင် ဆက်ခံသူတစ်ဦးကို ကျားမ၊အဆင့်အတန်း မခွဲပဲ ရွေးချယ်ပျိုးထောင်ပေးသည်။ဒါပေမဲ့မြစိမ်းတောင်ရဲ့ ၈ယောက်မြောက်သခင်ဖြစ်တဲ့ချန်ယွိကတော့ နည်းနည်းထူးခြားတယ်။ ဟယ်ပင်ပြည်မှာ တော်ဝင်မျိုးဆက်တွေမွေးဖွားလာရင်နိုင်ငံရဲ့ပရောဟိတ်ကြီးက ရက်တစ်ရာပြည့်တဲ့နေ့မှာထိုသူရဲ့ဇာတာကိုဖတ်ပေးရသည်။ချန်ယွိအလှည့်ရောက်တော့ ယောက်ျားသားအဖြစ်မွေးဖွားလာပေမဲ့ သူ့ရဲ့အလှကြောင့်ပြည်ပျက်ကိန်းမြင်တယ်ဆိုပြီးဟောတာကြောင့် ငယ်ငယ်ကတည်းကမျက်နှာဖုံးကိုဝတ်ဆင်ထားရသည်။အသက် ၁၄ နှစ်အရောက်မှာတော့ ၇ ယောက်မြောက်တောင်သခင်ရဲ့ ဆက်ခံသူအဖြစ်ရွေးချယ်ခံရပြီး၊တောင်သခင်ဖြစ်တဲ့ အသက် ၁၉ နှစ်မှာပဲ ' လာကြိုက်ရင်အသေရိုက်မယ် ' ဆိုပြီးမျက်နှာဖုံးကိုချွတ်လိုက်တယ်။
YOU ARE READING
Rewriting the History📖 ( Book 1 ) [ Completed ]