* 34 *

261 33 0
                                    


ရှေးဟောင်းခေတ်နဲ့မော်ဒန်ခေတ် နှစ်ခုလုံးမှာနေထိုင်ဖူးလို့ ဒီကြိုးကဘာလဲဆိုတာ သိပြီးသား။ဒါပေမဲ့ ဘာလို့သူကဒါကြီးမြင်နေရတာလဲ။အခုရောသူ့လက်မှာရှိနေတုန်းလား။

လက်ကိုသေချာလေ့လာနေရင်း မြူတွေဆိုင်းလာမှ သူနေရာပြောင်းသွားမှန်းသိတော့သည်။ ဒီတစ်ခေါက်က အကြောင်းအမျိုးမျိုးနဲ့ မုရုံဟန်ယွင်ကိုရှာတဲ့အချိန်တွေ။

အကြောင်းမရှိအကြောင်းရှာ စကားစနေတဲ့ မျက်နှာဖုံးချန်လျန်ကိုကြည့်ရင်း အရင်တုန်းကအကြောင်းတွေပြန်မြင်ယောင်လာသည်။ သူထင်တယ်၊ ဒီအချိန်လောက်က သူ့ခံစားချက်တွေကိုအချစ်လို့ခေါ်လို့ရဦးမှာမဟုတ်ဘူး။အင်း .   .   .  စွဲလမ်းတာလို့ခေါ်ရမလား.   .   .   .

လူတွေကြားမှာ နာမည်မကောင်းတဲ့အပြင် မီးလောင်ဒဏ်ကြောင့်ပျက်စီးနေတဲ့ မျက်နှာနဲ့ အက်ကွဲနေတဲ့အသံ။ လူတွေကသူ့ကိုကြည့်တဲ့အကြည့်တိုင်းမှာ ရွံရှာမှု၊ ကြောက်ရွံ့မှု၊ မသတီမှု စတဲ့ခံစားချက်တွေကိုမျက်လုံးတွေကနေတစ်ဆင့်မြင်နေရသည်။ အချို့ကလည်း သူတို့အမူအရာတွေကိုထိန်းချုပ်ထားဦး .  အကဲခတ်တော်တဲ့သူအတွက်တော့ အတိုင်းသားမြင်နေရသလိုပဲ။

ဒါပေမဲ့ မုရုံဟန်ယွင်ကမတူဘူး။သူ့မျက်လုံးထဲမှာ မကောင်းတဲ့ခံစားချက်တွေမရှိပဲ ကြည်လင်နေတဲ့မျက်ဝန်းအစုံမှာ သူ့ပုံရိပ်တစ်ခုပဲထင်ဟပ်နေတယ်။ရန်လိုမှုကင်းတဲ့အကြည့်၊ လှည့်ကွက်တွေကင်းတဲ့အမူအရာ၊ ထောင်ချောက်တွေမပါတဲ့ စကားလုံးတွေက သူ့ကို ခဏတာလောက် သာမန်လူတစ်ယောက်လိုခံစားမိစေတယ်။ဒါ့ကြောင့်လည်းသူက အဲ့ခံစားချက်ကိုစွဲလမ်းသွားတာ။သူက တော့အဲ့စွဲလမ်းတာကိုမိတ်ဆွေတစ်ယောက်၊သူငယ်ချင်းတစ်ယောက်လို့ခင်မင်တာလို့ခေါင်းစဉ်တပ်ခဲ့သည်။ဒါပေမဲ့ သူတို့လက်ကိုချည်ထားတဲ့အနီရောင်ကြိုးကတော့တစ်မျိုးပြောနေသည်။

သူနဲ့မုရုံဟန်ယွင်တို့ တွေ့ပါများလေလေ ကြိုးကအရောင်ပိုတောက်လာလေလေဖြစ်နေသလိုပဲ။သူပဲစိတ်ထင်နေတာလားဆိုတာလား၊  ကြိုးကပိုကျစ်ပြီးထူလာသလိုပဲ။

သူတစ်ခေါက်ပြီးတစ်ခေါက် စစ်တိုက်ထွက်တိုင်းမှာ သူနဲ့ပတ်သတ်တဲ့ကောလဟာလတွေကပိုပိုဆိုးလာသည်။သူ့မျက်နှာနဲ့တစ်ကိုယ်လုံးက လောက်တွေနဲ့ပြည့်နှက်နေတာကြောင့်အခုလိုခန္ဓာကိုယ်ကိုအဝတ်နဲ့အကုန်ဖုံးထားရကြောင်း၊ ရဲမက်များကို မထင်ရင်မထင်သလိုနှိပ်စက်တတ်ပြီး အောင်ပွဲခံတိုင်းမှာမွေးကင်းစကလေးရဲ့အသားကိုအစိမ်းလိုက်စားတတ်ကြောင်း စသဖြင့် စသဖြင့်ပေါ့။

Rewriting the History📖  ( Book 1 ) [ Completed ]Donde viven las historias. Descúbrelo ahora