* 6 *

462 50 0
                                    

သူပေးထားတဲ့ ပစ္စည်းတွေနဲ့ငါးထိုင်မျှားနေတဲ့ ကျောပြင်ကိုကြည့်ရင်း တောင်သခင်ကတော့အပြုံးမပျက်။ သတ်လို့လည်းမရဘူး၊ပြောလို့လည်းမရဘူးဆိုတော့ တားလို့ရတဲ့နည်းပဲစဉ်းစားကြတာပေါ့။အရင်ကခွေးရူးကိုလည်းမလိုချင်ဘူး၊ ဟိုဖက်က ညှင်းသိုးသိုး ကိုလည်းမလိုချင်ဘူး။ သူ့နည်းသူ့ဟန်နဲ့ မတူညီတဲ့ ချန်လျန် ကိုပျိုးထောင်တာပေါ့။

ဘယ်ဘဝမှာပဲဖြစ်ဖြစ် ချန်လျန်ကိုအလွှမ်းမိုးနိုင်ဆုံးက ဟိုယဉ်ရူးပဲ။ ခတ်တာကဟိုယဉ်ရူးနဲ့ဒီခွေးရူးပေါင်းမှတော့ ဘယ်လိုလုပ်ပြီး အချစ်ပန်းတွေပွင့်လာမှာလဲ၊ အရူးပန်းဆိုရင်တော့မပြောတတ် ။အဲ့နှစ်ယောက်ကြားကို ဘယ်လိုပေါင်းစည်းပေးရမလဲ။ အိုင်း. . . ရှေ့လျှောက်အလုပ်များတော့မယ်။

နောက်နေ့မှာပဲ သူ့ကိုအရိပ်စစ်သည်တွေကိုလေ့ကျင့်ပေးတဲ့နေရာ၊ သတင်းအချက်စုစည်းတဲ့နေရာနဲ့ ဆေးပင်စိုက်ပျိုးတဲ့နေရာတွေကို လိုက်ပြရင်း သူရဲ့ဘယ်လက်ရုံး ကျောက်အိမ်တော်ထိန်း နဲ့ ညာလက်ရုံး ယဲ့ရင် တို့နဲ့ပါတွေ့ပေးလိုက်တယ်။ကျောက်အိမ်တော်ထိန်းကဆေးဆိုင်နဲ့အိမ်တော်ရဲ့တာဝန်ယူပြီး၊ ယဲ့ရင်ကတော့ သတင်းအချက်အလက်နဲ့ အရိပ်စစ်သည်တွေကိုလေ့ကျင့်ပေးတဲ့ တာဝန်ယူတယ်။ချန်ယွိကအားလုံးနဲ့သူ့ကိုမိတ်ဆက်ပေးအပြီးမှာတော့ မျိုးစေ့နဲ့စိုက်ဖို့နေရာပေးသည်။ သူကလည်းစကားအပိုမပြောပဲ လုပ်ငန်းစတော့သည်။

သူ မခေါ်ကိုယ်မပြောနဲ့ငါးရက်မြောက်တဲ့နေ့မှာတော့မနေနိုင်တော့တဲ့တောင်သခင်ကပဲအပင်စိုက်နေတဲ့ချန်လျန်ကိုစမေးသည်။

" ရှေ့ဆက်ဘာလုပ်မှာလဲ "

" . . . . ရှင်းယွဲ့မြို့ကိုပြုပြင်မယ်။ "

ရှင်းယွဲ့မြို့ သူ့ရဲ့အမည်အတိုင်းမြို့ရဲ့သဏ္ဍန်ကလခြမ်းနဲ့အလားတူသည်။အရှေ့မှာမြစိမ်းတောင်၊ အနောက်မှာပင်လယ်၊တောင်မှာမြစ်၊မြောက်မှာသစ်တောငယ်တို့ကဝန်းရံထားသည်။မြစ်ချောင်းအင်းအိုင်ပေါများတာကြောင့်စိုက်ပျိုးရေးကိုအဓိကထားကြပေမဲ့ ကောင်းမွန်တဲ့တံတားတွေမရှိတာကြောင့်သွားရေးလာရေးခတ်ခဲသည်။ထိုအချက်များကိုအခွင့်ကောင်းယူကာ ကုန်သည်များက ထွက်ကုန်တွေကိုလက်ဝါးကြီးအုပ် လယ်ကွက်တွေမတရားသိမ်း . . . ဒါတွေကနောင်မှာပုန်ကန်မှုကိုဖြစ်စေမှာ။

Rewriting the History📖  ( Book 1 ) [ Completed ]Donde viven las historias. Descúbrelo ahora