မြူတွေရှင်းသွားချိန်မှာတော့ သူကအမဲလိုက်ပွဲကျင်းပတဲ့တောအုပ်အလည်ကစမ်းချောင်းကိုရောက်နေသည်။
' ဝှစ် '
သူ့ကိုယ်ထဲကဖြတ်သွားတဲ့မြှားတစ်ချောင်းက သူ့အရှေ့မှာ သားကောင်ကိုချောင်းနေတဲ့ပါးလော်ကိုထိမှန်သွားတယ်။
' ဟက် ထင်တဲ့အတိုင်းပဲ။ '
မြှားကိုပစ်လွှတ်လိုက်တဲ့သူကတော့ သူ့ရဲ့ အကို၂ ချန်ရန်။
" မင်း! အတင့်ရဲ့လိုက်တာ။ ငါကိုယ်တော်ကိုမင်းက . အ . "
နောက်ကျောကိုသာထိမှန်သွားတာကြောင့်အသံမာနိုင်သေးတဲ့ ပါးလော်ရဲ့ဝမ်းဗိုက်ကို ဓားတိုတစ်ချောင်းတိုးဝင်သွားသည်။
" စိတ်မရှိပါနဲ့ မင်းသား ဒါပေမဲ့ မင်းသားရဲ့အလောင်းက ကျွန်တော့အတွက် အရေးပါလွန်းနေတော့လဲ. . . "
ဓားနဲ့အချက်ပေါင်းများစွာထိုးစိုက်ကာ ခြေသံကြားသည်နှင့် ဘေးကသစ်ပင်မှာဝင်ပုန်းနေတော့သည်။
မကြာခင်မှာပင် မျက်နှာဖုံးချန်လျန် ရောက်လာပြီး ပါးလော်ရဲ့အလောင်းကို စိုက်ကြည့်နေသည်။ သူမှတ်မိသေးသည် အဲ့တုန်းက ပါးလော်အလောင်းထက် ဘာလို့မနက်ကပျောက်သွားတဲ့ သူ့ဓားကဒီရောက်နေတာလဲဆိုတာကိုအံ့သြနေတာ။
မကြာခင်မှာပဲ အမတ်အချို့ကထိုမြင်ကွင်းကိုမြင်သွားပြီး မင်းကြီးဆီကိုအပြေးအလွှားလျှောက်တင်ကြသည်။ ရှီးရှားမင်းသမီးခါစု ကတော့သူတိုင်းပြည်ကိုပြန်သွားပြီးစစ်ကြေငြာတော့သည်။ ထိုစစ်ပွဲကိုဦးဆောင်ရသူကတော့မျက်နှာဖုံးချန်လျန်ပင်။မြင်ကွင်းကထပ်ပြောင်းသွားပြီး အခုစစ်မြေပြင်ကနေ စာကြည့်ဆောင်မှာဒူးထောက်နေတဲ့ သူ့ရဲ့ကိုကို။
" မင်းကြီး စစ်သူကြီးချန်လျန် အတွက်ကျွန်တော်မျိုးစစ်ကူသွားဖို့ အမိန့်ပေးတော်မူပါ။ "
" အတင့်ရဲ့လိုက်တာ အခုမောင်မင်းက ကိုယ်တော့်ကိုအမိန့်ပေးနေတာလား။ "
" မဟုတ်ပါဘူးမင်းကြီး အခုချန်မှာစစ်ကူမပို့ရင် စစ်သူကြီးတို့အတွက်အန္တရာယ်များလို့ . . . "
ESTÁS LEYENDO
Rewriting the History📖 ( Book 1 ) [ Completed ]