* 7 *

450 49 0
                                    

ချန်လျန်မြို့သခင်ဖြစ်ပြီး မကြာခင်မှာပဲ ရှင်းယွဲ့မြို့ကအုပ်ချုပ်ရေးမှူးနဲ့ကုန်သည်တွေလက်ဝါးရိုက်အမြက်ထုတ်ထားတဲ့သက်သေတွေယူပြီး မြို့ကိုသန့်ရှင်းရေးစလုပ်တယ်။ပြီးတာနဲ့ မြို့ကိုသူကိုယ်တိုင်အုပ်ချုပ်ပြီး အမိန့်ပေးတယ်။ အသက်ငါးနှစ်သာရှိသေးတာကိုထောက်ပြချင်သူတွေများပြားပေမဲ့ မြို့ကိုအပိုင်စီးထားတဲ့သူတွေဘယ်လိုဇာတ်သိမ်းသွားရတယ်ဆိုတာမြင်ခဲ့ရတာကြောင့် ဘယ်သူ့မှအာမခံရဲဘူး။ဒါပေမဲ့မကြာခင်မှာပဲ ချန်လျန်ရဲ့လုပ်ဆောင်ချက်တွေကြောင့် မြို့သခင်ဆိုပြီးလူအများရဲ့လေးစားမှုကိုရရှိလာခဲ့သည်။

စိုက်ပျိုးရေးနည်းသစ်တွေ၊ လက်မှုပညာ၊ အစားအသောက်စတာတွေကိုသင်ကြားပို့ချပေးတယ်။ပထမကတော့အနာဂတ်အတွက်ထိခိုက်မှာစိုးရိမ်နေသေးပေမဲ့ တောင်သခင်က အနာဂတ်ကိုစိတ်ပူဖို့မလိုဖို့ အတန်တန်ပြောနေတာကြောင့် All in ပဲ။ ရှင်းယွဲ့စာသင်ကျောင်းဖွင့်ပြီး ပြည်သူတွေအခမဲ့ စာသင်ကြားနိုင်အောင်လုပ်တယ်။လမ်းပန်းဆက်သွယ်ရေးအတွက် တံတားတွေဆိပ်ကမ်းတွေဆောက်တယ်။နှစ်နှစ်အတွင်းမှာပဲ မင်းနေပြည်တော်နဲ့မခြားစည်ပင်ဝပြောလာပြီး အများကတကူးတကလာလည်ရလောက်တဲ့အထိ နာမည်ကြီးလာတဲ့အပြင် ရှင်းယွဲမြို့သခင်ရဲ့ယွင်လျန် လို့ခေါ်တဲ့စားသောက်ဆိုင်တွေ၊အရောင်းဆိုင်တွေကလည်း ဟယ်ပင်ပြည်အနှံ့မှာပေါ်ပေါက်လာတယ်။

ယွင်လျန်(တိမ်လွှာကြာပန်း)ဆိုင်ရဲ့အမှတ်အသားက အပြာရင့်ရောင် ကြာပန်းကိုမှ အောက်နေရာမှာကြာရွက်အစား အဖြူရောင်တိမ်နဲ့ ထိပ်ပိုင်းတစ်ဝက်လောက်မှာအဖြူရောင်တိမ်ပါတဲ့ပုံဖြစ်တယ်။ချန်လျန်ဒီတံဆိပ်ပုံကို တောင်သခင်ကိုပြတုန်းက သောက်နေတဲ့ရေနွေးကြမ်းသီးပြီး ခုံပေါ်ကပြုတ်ကျလို့ အထူးအဆန်းဖြစ်ခဲ့ရသေးတယ်။အဲ့လောက်လန့်စရာကောင်းနေလို့လား . . . ဒီလောက်လှတာကို။

ချန်လျန်မြို့ကိုတာဝန်ယူစက စိုက်ပျိုးရေးနည်းနဲ့အခြားနည်းလမ်းတွေကိုဝေမျှဖို့အခြားမြို့တွေကိုစာလွှာတွေပေးခဲ့ပေမဲ့ အသက်ငါးနှစ်အရွယ်က ဆိုတဲ့အကြောင်းပြချက်နဲ့ အထင်သေးလှောင်ပြောကြတယ်။ဒါပေမဲ့ တကယ်တမ်းအလုပ်ဖြစ်တာကိုသိလို့စာလွှာတွေကိုပြန်ရှာတဲ့အချိန်မှာတော့ တောင်သခင်ချန်ယွိကအရင်ကပို့ခဲ့တဲ့ စာတွေကိုအကုန်လူလွှတ်ပြီးမီးရှို့ခိုင်းပြီးသား။မျက်နှာပြောင်တိုက်ပြီးနည်းခိုးဖို့လုပ်တဲ့သူတွေကို တောင်သခင်သာမကမြို့သူမြို့သားတွေကပါ ပညာပေးလွှတ်ကြသည်။တရားဝင်လာတောင်းတဲ့သူတွေကိုတော့ နည်းပေးရင်ဥပဒေအချို့ကိုပါလိုက်နာရမယ်ဆိုတဲ့အပေးအယူနဲ့ပေးတယ်။

Rewriting the History📖  ( Book 1 ) [ Completed ]Tempat cerita menjadi hidup. Temukan sekarang