အမဲလိုက်ကွင်းရောက်တာနဲ့ ပွဲမစခင်ညမှာပဲ ရောက်တဲ့အထိမ်းအမှတ်နဲ့အတူ မီးပုံပွဲလုပ်ကြရသည်။လုံခြုံရေးတင်းကျတ်စွာချထားပြီးနန်းတွင်းထဲမဟုတ်ပေမဲ့ သူ့နေရာနဲ့သူတင့်တယ်အောင်ပြင်ဆင်ထားပြီး နှစ်နိုင်ငံရဲ့အကအလှတွေပါ ပါတာကြောင့်အားလုံးစိတ်လွတ်လက်လွတ်ပျော်မြူးနိုင်ကြတဲ့ပွဲပင်။
စကားဖောင်ဖွဲ့နေကြတဲ့သူတွေကြားမှာတည်ငြိမ်စွာအကြမ်းရည်သောက်နေတဲ့ ချန်လျန်။
" အလှလေးက သာမန်သေရည်တွေဆို ခံတွင်းမတွေ့ဘူးထင်တယ်။ဒါဆို ကိုယ်တို့ ရှီးရှားကလာတဲ့သေရည်ကိုမြည်းကြည့်ပါလား "
အနည်းငယ်ယိုင်နဲ့နေတဲ့ခြေလှမ်းတွေနဲ့ ပါးလော်က လက်ထဲကသေရည်ကို ချန်လျန်အရှေ့ကခွက်ထဲလောင်းထည့်လိုက်သည်။
" ဒါကပန်းအမျိုးတစ်ရာနဲ့လုပ်ထားတာလေ။ပုလင်းကအစထူးခြားတာ . . ပြီးတော့. . . . "
အများမတူတဲ့သရည်အိုးကိုကြွားလုံးထုတ်နေတဲ့ ပါးလော် ကတော့ဘေးကအမတ်တွေရဲ့အကြည့်စူးစူးတွေကိုမမြင်နိုင်ဘူး။
အနီးကဟန်မပျက်ပေမဲ့ အသက်တောင်ပြင်းပြင်းမရှူရဲတဲ့အမတ်များ : ငါတို့ ထပဲတားရမလား၊ဆက်ပဲသောက်ရမလား၊ ထွက်ပဲပြေးရတော့မလား လုပ်ကြပါဦး။ (╥﹏╥)
" မြို့သခင် မသောက်နိုင်လို့ကျွန်တော်ကပဲ အစားသောက်ပေးပါ့မယ်။ "
ခွက်ကိုလုယူပြီးမော့လိုက်တဲ့ မုရုံဟန်ယွင်က ငရဲခံနေရတဲ့အမတ်တွေအတွက် ကောင်းကင်ပေါ်က ဗုဒ္ဓ ချပေးလိုက်တဲ့ပင့်ကူမျှင်လေးလိုပဲ
အခုမှ အသက်ရှူချောင်သွားသော အမတ်များ : ကယ်တင်ရှင်ကြီး ဝမ့်စွေ့\( ̄︶ ̄)/
" ငါက အလှလေးကိုပေးတာ မင်းကိုပေးတာမဟုတ်ဘူး။ငါအိမ်ရှေ့စံရဲ့တဲနားမှာနေခွင့်ရတာနဲ့ မင်းကိုယ်မင်း ဘာဆိုတာမေ့ချင်နေတာလား သွေးနှောကောင်။ "
အရက်ပြန်ဖြည့်ထားတဲ့ခွက်ကိုပေးဖို့လုပ်တော့ မုရုံဟန်ယွင်က တားဆီးလိုက်သည်။
" မင်း !! "
ချန်လျန်က ဒေါသကြောင့်မျက်နှာနီလာတဲ့ ပါးလော် ဆီကသေရည်ခွက်ကိုယူပြီးမော့သောက်လိုက်သည်။
YOU ARE READING
Rewriting the History📖 ( Book 1 ) [ Completed ]