နောက်နေ့မနက် မင်းသား၃ကို တောင်သခင် ချန်ယွိရဲ့ မွေးစားသားအဖြစ်သတ်မှတ်ပြီး ရှင်းယွဲ့မြို့ကိုအပိုင်စားပေးတဲ့ အမိန့်တော်ကညီလာခံကိုဂယက်ရိုက်သွားစေသည်။အင်အားပြိုင်မှုတွေက ဘယ်နေရာမှာမဆိုရှိနေတာကြောင့် ကိုယ့်ပြိုင်ဘက်အင်အားကြီးလာမှာကိုမလိုလားတဲ့ဘက်က အမိန့်တော်ကိုပြန်လည်စဉ်းစားပေးဖို့အဆိုတင်သွင်းသည်။ဒါပေမဲ့ ဘယ်တုန်းကများ မြစိမ်းတောင်သခင်ရဲ့ဆက်ခံသူကို သူတို့သဘောကျရွေးဘူးလို့လဲ။နောက်ဆုံးတော့လည်းညီလာခံမှာဆူးခတ်တွေဝေပြီး နှစ်တစ်ထောင်မြေခွေးကပဲ အနိုင်ရသွားသည်။အဲ့နေ့ နေ့လည်မှာပဲအစာမစားနိုင်လို့ အင်အားချိနဲ့နေတဲ့ မင်းသား၃ကိုချီကာ မြစိမ်းတောင်ကိုပြန်သွားသည်။
ချန်လျန်နိုးလာတော့သူ မရင်းနှီးတဲ့အခန်းတစ်ခုထဲကိုရောက်နေသည်။
" နိုးပြီလား၊ နိုးရင်တစ်နေရာသွားရအောင်။ "
ကမ်းပေးလာတဲ့လက်ကိုကိုင်ရင်း ဦးရီးတော်ခေါ်ရာနောက်ကိုလိုက်လာခဲ့သည်။
" မင်းလိုချင်တဲ့အတိုင်း ရှင်းယွဲ့မြို့ ကိုတောင်းလာခဲ့တယ်။အခုချိန်ကစပြီး မင်းက မင်းသား၃ မဟုတ်တော့ဘူး။ ရှင်းယွဲ့မြို့သခင်နဲ့မြစိမ်းတောင်ရဲ့အမွေဆက်ခံသူ။အာ . .မေ့တော့မလို့ မွေးစားအဖေ လို့ခေါ်ကြည့်ပါဦး။ "
ချန်လျန်က ကြောက်စရာကောင်းအောင်မျက်စောင်းထိုးလိုက်တယ်လို့ထင်ပေမဲ့ အများအမြင်မှာတော့ လိုချင်တာမရလို့စိတ်ဆိုးနေတဲ့ကလေးလိုပဲ။ကလေးမချစ်တတ်တဲ့တောင်သခင်တောင်အသဲယားသွားတယ်။ အိမ်း . . . ဒီလိုဖြူဖြူလုံးလုံးလေးက အနာဂတ်မှာသွေးဆာတဲ့နတ်ဆိုးတစ်ကောင်ဖြစ်လာမယ်လို့ ဘယ်သူထင်မှာလဲ။
" ရောက်ပြီ "
မက်မွန်ပင်တွေနဲ့ဝန်းရံထားပြီး ကြည်လင်နေတဲ့ရေအိုင်။နေပါဦးအခုက မက်မွန်ပန်းပွင့်တဲ့အချိန်လည်းမဟုတ်ပါဘူး။ဒီလိုပြောမှပဲ ဒီမြစိမ်းတောင်မှာရှိတဲ့အပင်တွေက သဘာဝတရားကို လွန်ဆန်နေကြသလိုပဲ။
" ဒါက. . . . "
" မြစိမ်းတောင်ရဲ့နာမည်ကြီး နတ်ရေကန်၊ သူ့ရဲ့နာမည်က ရွှယ်လေ့ တဲ့။သူ့ကြောင့်ပဲ ဒီမြစိမ်းတောင်ကထွက်သမျှကထူးခြားနေတာ။သူ့ရဲ့ရေကနွေရာသီမှာအေးပြီးဆောင်းရာသီမှာနွေးတယ်။ဘယ်လောက်ပဲရေသွယ်ပြီးယူယူ ခမ်းသွားတယ်ဆိုတာမရှိပဲ ချောင်းငယ် အဖြစ်စီးဆင်းတာတောင် တောင်ပြင်ကိုဘယ်တော့မှမထွက်တဲ့ မြစိမ်းတောင်ရဲ့ထူးခြားချက်။နောင် မင်းစောင့်ရှောက်ရမဲ့ အရာတွေထဲကတစ်ခု။ "
DU LIEST GERADE
Rewriting the History📖 ( Book 1 ) [ Completed ]