" အတန်တန်ပြောထားရဲ့သားနဲ့ စိတ်ကိုထိန်း၊ စိတ်ကိုထိန်း ၊ စိတ်ကိုထိန်းပါလို့ ! တကယ်လို့ မေ့ဆေးအပ်သာအချိန်မမှီလိုက်ဘူးဆိုရင်လူကြားထဲမှာ မြို့သခင် နာမည် ကပလုံတော့မယ်။တော်သေးတာပေါ့. . . . ပြောရတာမောလိုက်တာ ။"ရေတဂွတ်ဂွတ်မော့သောက်နေပေမဲ့ အကြည့်ကတော့ အခုမှမေ့ဆေးပြယ်ပြီးနိုးလာတဲ့ ချန်လျန်ရဲ့မျက်နှာသေ ဆီကမခွာ။တကယ်လို့သူသာလက်မမြန်ပဲ ချန်လျန်ကလက်မြန်ခဲ့ရင် . . . . .
ရုတ်တရက်ကြီးအရင်ဘဝက မုရုံဟန်ယွင်ကိုကြည့်လို့ဆိုပြီး အပျိုတော်ရဲ့မျက်လုံးကိုဖောက်ထုတ်လိုက်တဲ့မြင်ကွင်းက ခေါင်းထဲရောက်လာတယ်။
' ငါသွေးတက်လာသလိုပဲ '
" ဒါနဲ့ ဟိုနေ့ကမွေးစားအဖေကိုမင်းကြီးကဘာလို့ခေါ်တွေ့တာလဲ။ "
" ကိစ္စရှိလို့ပေါ့။ "
" အဲ့ကိစ္စ္စက အသစ်ရောက်လာတဲ့တော်ဝင်သင်္ချိုင်းစောင့်နဲ့ပတ်သတ်နေတာလား။ "
ဟိုးဟို~ ဒီကောင်လေး. . . . သူဟာတွေနဲ့သူပဲအလုပ်ရှုပ်နေတယ်ထင်ထားတာ . . . . .အင်း. . . ငါသင်ပေးထားတာလို့မပြောရဘူး။
" ဒါက လျန်လျန်နောက်ဆိုသိလာရမယ့် ဟာပဲ. . သူက. . . အရင်မင်းကြီးရဲ့အမျိုးသားကြင်ယာတော် "
" သူလျိုလား "
" မဟုတ်ဘူး ကိစ္စကမင်းထင်တာထက်ပိုရှုပ်တယ်။ "
အတိုချုပ်ရရင်တော့ တိုင်းခန်းလှည့်လည်ရင်း တွေ့ခဲ့တဲ့အမျိုးနှိမ့် အမျိုးသားကြင်ယာတော်ကိုမနာလိုတဲ့ မိဖုရားခေါင်ကြီးရဲ့လက်ချက်တွေပေါ့။ချောလွန်းတဲ့အမျိုးသားကြင်ယာတော်ကို ဟိုဖက်ကမင်းသားကကြိုက်နေတာကိုအခွင့်ကောင်းယူပြီးသူမကိုယ်တိုင် လျို့ဝှက်ချက်တွေကိုတစ်ဖက်နိုင်ငံနဲ့အလဲအလှည်လုပ်ပြီး အဆိပ်ကိုလည်းသူမပဲခပ်ခဲ့တာ။သူမ မသိလိုက်တာ သွေးအန်ရုံလောက်ပဲလို့ထင်ထားတဲ့အဆိပ်က တစ်ဖက်နိုင်ငံရဲ့အပြင်းဆုံးအဆိပ်ဖြစ်နေတာပဲ။
မင်းကြီးကသိပေမဲ့အိမ့်ရှေ့စံရဲ့ရှေ့ရေးကြောင့် မိဖုရားခေါင်ကြီးကို သာသနာ့ဘောင်မှာထာဝရနေစေပြီး သူမအမျိုးတွေကိုလည်း ဘယ်တော့မှ အမှုထမ်းရာထူးမဝင်အောင် တောင်သခင်ကိုစောင့်ကြည့်ဖို့အမိန့်ပေးခဲ့တာ။တစ်ဆက်တည်းမှာပဲ အခြားနိုင်ငံကိုပါသွားတဲ့ ကြင်ယာတော် ကိုပြန်ခေါ်ပြီး သေရင်သူ့ဂူဗိမာန်မှာ အတူတကွမြှပ်ပေးဖို့ပြောပြီး နတ်ရွာစံခဲ့တာ။အရင်တောင်သခင်ကနေ အခုချန်ယွိအထိ ကြင်ယာတော်ကိုရှာခဲ့ပေမဲ့ မတွေ့ပဲ အခုမှလူကိုယ်တိုင်ရောက်လာတော့တာ။
![](https://img.wattpad.com/cover/279205967-288-k451897.jpg)
ESTÁS LEYENDO
Rewriting the History📖 ( Book 1 ) [ Completed ]