ချန်လျန် မြူတွေအုပ်ဆိုင်းနေတဲ့ နေရာတစ်ခုကိုရောက်နေတယ်။မြူတွေကြားထဲမှာ အရိပ်တွေဖြတ်ပြေးနေသလို၊ အော်သံတွေကလည်း နီးလာလိုက်ဝေးလာလိုက်။ဒါကဘယ်နေရာလဲ ၊ သူကဘယ်လိုလုပ်ပြီး ဒီရောက်လာတာလဲ။မသင်္ကာလို့ လက်ကိုဆွဲဆိတ်ကြည့်တော့ . မနာ . . . အိမ်မက်ပဲ။
သူအိမ်မက်ဆိုတာကို အတည်ပြုလိုက်တာနဲ့တစ်ပြိုင်နက် ဘေးကမြူတွေအကုန်ပျောက်သွားပြီး စစ်ပွဲအလည်ကိုရောက်နေတာကိုသတိထားမိသွားသည်။ရင်းနှီးနေတဲ့နေရာကြောင့် ဘေးပတ်ပတ်လည်ကိုသေချာကြည့်မိတော့ မဝေးတဲ့တစ်နေရာက မြို့တံတိုင်းပေါ်က နာမည်က ' ရှင်းယွဲ့မြို့ '
လေပြင်းတစ်ခု ဖြတ်တိုက်သွားတာကြောင့် မျက်တောင်တစ်ချက်အခပ်မှာပဲ သူ့ဘေးကမြင်ကွင်းပြောင်းသွားပြန်တယ်။
သူ့အရှေ့မှာက အသက် ၁၅ နှစ်အရွယ် သစ်သားမျက်နှာဖုံးကိုတပ်ဆင်ထားတဲ့ တစ်ခါကသူတစ်ဖြစ်လဲ စစ်သူကြီးချန်လျန်။
" ပုန်ကန်သူတွေကိုဦးဆောင်တာမင်းလား။ "
ကွဲရှရှ မေးသံအဆုံးမှာထွက်ပေါ်လာတဲ့ ရယ်သံ။ ချန်လျန်အနောက်ကိုလှည့်ကြည့်တော့ သွေးတွေနဲ့ပုံပျက်ပန်းပျက်ဖြစ်နေပြီး ကြိုးတုတ်ခံထားရတဲ့ ကျိုးရီးရှစ်။
သူမှတ်မိပြီး ဒါသူအရင့်အရင်ဘဝက အဖြစ်အပျက်တစ်ခု။ ရုပ်ရည်ပျက်ဆီးနေတဲ့ သူကချန်ယွိကယ်တာခံရပြီး အသက် ၁၅ နှစ်မှာပထမဆုံးဦးဆောင်တဲ့တိုက်ပွဲ . . . .
" မင်းအပြစ်တွေကို မင်းသိရဲ့လား ကျိုးရီးရှစ် "
" အပြစ် . . . . ဟက် . . . စာမတတ်တဲ့ လယ်သမားတွေကိုခေါင်းပုံဖြတ်နေတာကို မကြည့်ရက်လို့ စာသင်ပေးတာအပြစ်လား၊ ကပ်ရောဂါဖြစ်နေချိန်မှာ အသက်နဲ့ရင်းပြီး ဆေးကုသပေးမိတာ အပြစ်လား၊ မတရားခံနေရာကို ကြည့်မနေနိုင်ပဲ ဝင်ပြောမိတာက လည်လှီးပြီး မီးရှို့သတ်ခံရလောက်အောင် အပြစ်ကြီးသလား။ဒါဆို ငွေရှိတာနဲ့ ကိုယ်ထင်တိုင်းရိုင်းပြီး လူသတ်နေကြတဲ့သူတွေက အပြစ်ပိုကြီးတယ်လို့မထင်ဘူးလား စစ်သူကြီး။ "
YOU ARE READING
Rewriting the History📖 ( Book 1 ) [ Completed ]