* 16 *

350 48 0
                                    

" အီးဟီး . . . ဟစ်. . . . ဟင့် "

ကလေးငိုသံကြားရတာကြောင့် လျှောက်ရှာကြည့်တော့သစ်ပင်တစ်ပင်အောက်မှာတွေ့လိုက်ရတဲ့ ဖြူဖြူလုံးလုံးလေး။

" ဟိတ် ဘာလို့ငိုနေတာလဲ။ "

သူ့ကိုနီရဲနေတဲ့မျက်လုံးလေးတွေနဲ့လှည့်ကြည့်လာတဲ့ကလေးလေး။ယုန်ဖြူလေးနဲ့တူလိုက်တာ။

ငုတ်တုတ်ထိုင်ချပြီးခေါင်းလေးကိုဖွဖွလေးပုတ်တော့ အငိုရပ်သွားပြီး သူ့ကိုစူးစိုက်ကြည့်နေတာကြောင့်ပြုံးပြလိုက်တယ်။

" ပြာပြာလေး "

ကလေးလေးကပြောလိုက်တဲ့စကားကြောင့် တန့်သွားသည်။ ငယ်ငယ်ရွယ်ရွယ်နဲ့စစ်သူကြီးဖြစ်ခဲ့တဲ့အဖေက မင်းကြီးစကားကိုငြင်းပယ်ပြီး လူမျိုးမတူတဲ့ ကုန်သည်သမီးဖြစ်တဲ့အမေနဲ့လက်ဆက်ခဲ့တယ်။အမေနဲ့အတူနေရာအနှံ့ကုန်သည်အဖြစ်နဲ့လျှောက်သွားရင်း နိုင်ငံ့အရေးကြောင့် ချန်ပင်ပြည်ကိုပြန်လာပြီး စစ်သူကြီးရာထူးကိုပြန်ယူခဲ့တယ်။ခတ်တာက အမေ့ရဲ့ ရုပ်ရည်နဲ့အပြာရောင်မျက်ဝန်းတွေကြောင့် ရှေ့မှာတစ်မျိုးကွယ်ရာတစ်မျိုး မကြားကြားအောင်ပြောနေကြတာပဲ။အမေဆုံးသွားတော့ သူ့တို့ရဲ့ပတ်မှတ်ကအမေနဲ့တူတဲ့အပြင်နေပူထဲမှာနဲ့သေချာကြည့်ရင်ပြာမှန်းသိသာတဲ့ မျက်လုံးတွေကို ပိုင်ထားတဲ့သူ့ဖက်လှည့်လာတာပဲ။ဒီယုန်ဖြူလေးကရောသူကိုရွံနေမလား။

" အင်း ပြာပြာကြီး. . . ကြောက်လို့လား "

ယုန်ဖြူလေးက ခေါင်ခါပြရင်း

" ပြာပြာလေး. . မိုးပေါ်ကမှိတ်တုတ်မှိတ်တုတ်လေးနဲ့တူတယ်။သားအရမ်းကြိုက်တယ်။ "

ယုန်ဖြူလေးအဖြေစကားကြောင့်ရင်ဖက်ထဲမှာဗြောင်းဆန်သွားပြီး အလိုအလျောက်ပြုံးမိသွားသည်။

" ဟုတ်ပါပြီ လာကိုကို့ကျောပေါ်တက်။ဒါနဲ့ယုန်ဖြူလေး နာမည်ကရော "

" ဟွား( ပန်း ) . . ဟွား. . "

" ဟွားလေးလား "

" ဟုတ်ဘူး. ဟုတ်ဘူး. . ဟွား. . ဟွား "

ယုန်ဖြူလေးက ကျောပေါ်ကလှုပ်လှုပ် လှုပ်လှုပ်ဖြင့် တစ်ခုခုပြောဖို့ကြိုးစားနေသည်။ကြည့်ရတာ ယုန်ဖြုလေးနဲ့နာမည်ထဲမှာပန်းနာမည်ပါတယ်နဲ့တူတယ်။

Rewriting the History📖  ( Book 1 ) [ Completed ]Tempat cerita menjadi hidup. Temukan sekarang