* 24 *

280 31 0
                                    

သူနဲ့ကိုကိုနဲ့အကြောင်းက လေ့ကျင့်ရေးကွင်းသွားပြီးနောက်ပိုင်းမှာ ပိုလူပြောများလာတယ်။စစ်သည်တွေရဲ့ဖောက်သည်ချမှုကြောင့်ဖြစ်နိုင်သလို၊ အမြဲလိုလိုနှစ်ယောက်ထဲအပြုံးတွေနဲ့လျှောက်လည်နေတဲ့သူတို့နှစ်ယောက်ကြောင့်လည်းဖြစ်နိုင်တယ်။ချန်လျန်က တစ်ခါတစ်လေ တောင်သခင်နဲ့လိုက်ပြီးညီလာခံတက်ပေမဲ့ ဘယ်သူမှသူတို့ကိုလာပြီးစကားစမပြောရဲဘူး။ဒါကလည်း မြို့သခင်ဖြစ်တဲ့ ချန်လျန်ရဲ့စကားပြောပုံကြောင့်ဖြစ်သည်။

ပထမဆုံးညီလာခံလာချိန်က မြို့သခင်ကိုမကျေနပ်တဲ့အမတ်တစ်ဦးက စကားနာထိုးရာကနေ မြို့သခင်ချန်လျန်ရဲ့အပြောတွေကြောင့်သွေးတက်ပြီး နန်းတွင်းသမားတော်ပင့်ရတဲ့အထိပဲ။အမတ်တွေရဲ့နှလုံးသားတွေကလဲကြွေထည်တွေလို ခွမ်းကနဲ။အချို့တွေကခံစားချက်တွေမျက်လုံးမှာပေါ်တယ်လို့ပြောကြပေမဲ့ အကြည့်တွေကလည်းတည်ငြိမ်နေတော့ စကားပြောနေရင်း အလိုလိုကြောက်စိတ်ဝင်လာမိတဲ့အထိ။ဒါပေမဲ့ မျက်နှာသေနဲ့နေတာတောင် မြို့သခင်ရဲ့အရှိန်အဝါတွေကမဲမှောင်မနေပဲ တောက်ပနေတာ။အဓိက ကတော့ဘာလုပ်လုပ် ချောနေတာကပြဿနာ။စကားပြောလေးသာ နည်းနည်းချိုလိုက်ရင်.   .   .   .   .  အေးပေါ့လေ မြေခွေးကမွေးထားမှတော့ ကြောင်ပေါက်လေးထွက်မလာတာမဆန်းပါဘူး။

ဘာမဆိုင်ညာမဆိုင် အပြစ်တင်တဲ့အကြည့်တွေနဲ့အကြည့်ခံလိုက်တဲ့ တောင်သခင်ကလည်း ဒေါသထွက်သွားတယ်။

' ဒီကလေးကိုဒီအခြေအနေဖြစ်အောင်ပျိုးထောင်ထားလို့ ဘုံကျောင်းဆောက်ပြီး ဖျင်ပူးခေါင်းထောင် ကန်တော့ရင်တောင်နည်းသေးတာကို ဘာအကြည့်တွေနဲ့ဘာကြည့်နေတာလဲ။ဒီ Glow နေတဲ့အသားအရေ၊ တော်ဝင်မျိုးဆက်ဆန်တဲ့ဟိတ်ဟန်တွေ၊ ပြီးတော့ အခြားအခြားသောပညာရပ်တွေစုံနေအောင်သင်ပေးထားတာ သူပါနော်။စကားပြောတာကတော့.   .   .   .    .   .   .  သူလည်းကြိုးစားပါသေးတယ်။အနုအရွစကားလုံးတွေပဲစုရေးပေးထားတဲ့ စာအုပ်ကိုအော်ဂလီဆန်တယ်ဆိုပြီး ဆွဲဗြဲတာကတော့သူလည်းမတက်နိုင်။ပြီးတော့ သူနဲ့အပြိုင်ပြောကြရင်း.  . ပြောကြရင်းနဲ့

Rewriting the History📖  ( Book 1 ) [ Completed ]Tempat cerita menjadi hidup. Temukan sekarang