ဘာလိုလိုနဲ့ ချန်လျန်မြို့တော်ကိုရောက်နေတာတစ်လရှိပြီ။ ကိုကို နဲ့ပိုပြီးရင်းနှီးလာသလို နန်းတွင်းဝင်ရင်လည်း တော်ဝင်မိသားစုတွေနဲ့မတွေ့အောင်ရှောင်တယ်။တစ်လအတွင်းထူးခြားတာဆိုလို့ အရင်က မုရုံဟန်ယွင်နဲ့ချန်မေ ကိုအလိုက်ဖက်ဆုံးလို့ပြောနေရာကနေ ချန်လျန်နဲ့မုရုံဟန်ယွင်အဖြစ်ပြောင်းသွားတာပဲ။ဒီလောက်မြန်မြန်ကြီး Fan တွေ၊ သူတို့အကြောင်းရေးတဲ့ စာအုပ်တွေ ပေါ်ပေါက်လာတဲ့နောက်ကွယ်မှာ တောင်သခင်ရဲ့လက်ချက်လည်းနည်းနည်းပါတာပေါ့။ထင်ရာမြင်ရာကနေ ကိုယ်တွေ့ ဆိုတဲ့ဇာတ်လမ်းတွေဖန်တီးဖို့ ဒီနေ့ ချန်ယွိနဲ့လေ့ကျင့်ရေးကွင်းသွားဖို့ဆုံးဖြတ်ထားသည်။
ဒီအတိုင်းသွားရင်မကောင်းတတ်တာကြောင့် ဟိုတစ်ခေါက်က ကိုကို ကြိုက်တယ်ပြောတဲ့ လီမွန်လက်ဖက်ရည်အေးရယ်လုပ်ရတာလွယ်သည့် ထမင်းလိပ်ရယ်ယူသွားဖို့ဆုံးဖြတ်လိုက်သည်။အာဟာရရှိဗိုက်ပြည့်တဲ့အပြင် လိုတာတွေကို ယွင်လျန် ဆိုင်ကနေသွားယူလို့ရတော့ပိုအဆင်ပြေတယ်။
လိုအပ်တာတွေပြင်ပြီးတာနဲ့ လေ့ကျင့်ရေးကွင်းဖက်ကိုထွက်လာခဲ့သည်။ချန်ယွိကတော့ စစ်သူကြီးနဲ့အလုပ်အကြောင်းပြောဖို့သွားပြီး သူကတော့ စစ်သည်တစ်ယောက်ညွှန်ပြသည့် ကိုကိုရှိရာသို့သာ သွားတော့သည်။
လေ့ကျင့်နေတဲ့စစ်သည်တွေကိုကြီးကြပ်နေတဲ့ ကိုကို ကဆွဲဆောင်မှုအပြည့်။ သူအရင်ကဘာလို့များဒါကိုမမြင်ခဲ့တာလဲ။ဒါမှမဟုတ်မြင်ခဲ့လို့ပဲပိတ်လှောင်ထားချင်ခဲ့တာလား. . . .
အမှန်ပြောရရင် အခုသူ့မှတ်ဉာဏ်တွေကတဖြည်းဖြည်းဝေဝါးလာနေပြီ။အာရုံစိုက်လိုက်ရင်အရင်ဘဝကအကြောင်းတွေကိုမှတ်မိနိုင်ပေမဲ့ သာမန်ဆိုမေ့နေတတ်သည်။ဘာလို့ပါလိမ့်. . . .
မုရုံဟန်ယွင် စစ်သည်တွေကိုလေ့ကျင့်နေရင်း မူမမှန်တာကိုသတိထားမိသည်။စစ်သည်အချို့ အယောင်ယောင်အမှားမှားဖြစ်လာသလို အချို့ကလည်းတစ်နေရာကိုလှည့်ကြည့်လှည့်ကြည့်နှင့် ။ နောက်တော့သူသတိရသွားသည် ၊ဒီနေ့ တောင်သခင် လာမယ်ပြောထားတော့ တောင်သခင်ကြောင့်များလား။ဒါပေမဲ့အရင်တစ်ခေါက်လာတုန်းက ဒီလောက်အခြေအနေမဆိုးပါဘူး။
YOU ARE READING
Rewriting the History📖 ( Book 1 ) [ Completed ]