မြို့ရိုးပေါ်ကနေရုတ်တရက်ကြီး မြင်ကွင်းပြောင်းလဲသွားတာက သူ့ကိုစိတ်မတင်မကျဖြစ်စေတယ်။ အဖြူရောင်တွေလွှမ်းနေတဲ့ မြို့တော်ကြီးက သူ့ကိုတစ်မျိုးတစ်မယ်ခံစားစေသလို ဘာမှမဖြစ်သလိုနေနေတဲ့ကိုကို ကလည်း သူ့ကိုစိတ်မအေးနိုင်အောင်ဖြစ်စေတယ်။ ဘယ်လိုပြောရမလဲ အရာအားလုံးက မုန်တိုင်းမလာခင် ငြိမ်သက်နေသလိုမျိုး။
ပုံမှန်အတိုင်းဆိုဂူသွင်းရမှာဆိုပေမဲ့ သူကတော့မီးသဂြိုလ်ဖို့မှာခဲ့တယ်။သူ့ရဲ့မီးသဂြိုလ်တဲ့နေ့ကိုရောက်လာချိန်မှာတော့ စင်မြင့်ပေါ်ကအဖြူရောင်ပိတ်နဲ့ပိတ်ထားပြီး ထင်းပုံပေါ်တင်ထားတဲ့ နေရာဘေးမှာထိုင်ရင်း အမတ်တွေကနောက်ဆုံးအရိုအသေပေးတဲ့အနေနဲ့ သေရည်ခွက်ကိုမြေပေါ်လောင်းချပြီး ငြိမ်သက်စွာဝတ်ပြုတာကိုကြည့်နေတယ်။သူ့ရဲ့ညာဘက်မှာကိုကို ကတော့တည်ငြိမ်စွာနဲ့ မျက်လွှာချထားတယ်။ဘယ်ဘက်မှာတော့ တောင်သခင်ကတော့ အရင်ပုံစံများနဲ့ခြားနားစွာပဲ ငြိမ်သက်နေတယ်။
ဒါပေမဲ့တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်က ချောင်းဆိုးသံကြောင့်ပြိုကွဲသွားတယ်။မကြာခင်မှာပဲ ချောင်းဆိုးသံတွေဆူညံလာပြီး ဝတ်ပြုစင်အောက်က တစ်ယောက်ပြီးတစ်ယောက် ဒွါရ ခုနစ်ပေါက်ကသွေးယိုကာလဲကျစေဆုံးကုန်တယ်။သူ့ရဲ့ဘယ်ဘက်ကတောင်သခင် ကတော့သွေးယိုပေမဲ့အမတ်တွေလိုမဟုတ်ပဲ အသက်ရှင်နေသေးတယ်။ကိုကိုကတော့. . . . . ဟင့်အင်း. . . .
သူဘာလို့သတိမထားမိခဲ့တာလဲ . . . တစ်ချိန်လုံးအနားမှာရှိနေခဲ့တာတောင် ကိုကို ရဲ့မျက်ဝန်းတွေထဲကသတ်ဖြတ်လိုစိတ်တွေကိုမမြင်နိုင်ခဲ့ဘူး။အခုတော့ . . . .
ဝမ်းနည်းခြင်းဝတ်စုံကိုဖယ်ရှားလိုက်တဲ့ကိုကိုက အနီရောင်ဝတ်စုံနဲ့ နတ်ဆိုးတစ်ကောင်လိုပဲ။မြေပေါ်လဲကျသွားတဲ့တောင်သခင်က ကိုကို့ ကိုကြည့်ရင်း
" မင်း . . . မင်းလား . . . မင်းရူးနေပြီလား! "
" . . . တောင်သခင်ရဲ့ အသိစိတ်ထဲမှာ ကျွန်တော်ကဘယ်လိုလူစားလဲ။ တိုင်းပြည်အတွက် အသက်ပေးရဲတဲ့စစ်သူကြီး? ဆန္ဒမပါပဲနန်းတွင်းဝင်ခဲ့ရတဲ့ အမျိုးသား? မိသားစုအသတ်ခံရပြီး အမုန်းတွေများနေတဲ့ဧကရီ ? ဘယ်တစ်ခုလဲ . . . . "
ESTÁS LEYENDO
Rewriting the History📖 ( Book 1 ) [ Completed ]