* 40 *

291 33 0
                                    

ဂြိုလ်ဆိုးဘုရင်က နိုင်ငံရဲ့သူရဲကောင်း မုရုံစစ်သူကြီးကိုသတ်လိုက်တယ်ဆိုတဲ့သတင်းက ပြည်သူတွေကြားထဲမှာတင်မဟုတ်ပဲ ညီလာခံကိုလည်းဂယက်ရိုက်သွားစေတယ်။အချို့ကိုသူရှင်းနိုင်တယ်ဆိုပေမဲ့ အချို့ကတော့သူ့ကိုခေါင်းကိုက်စေတယ်။အထူးသဖြင့် ချစ်ရသူကကိုယ့်ကိုရှောင်နေတဲ့အချိန်မျိုးမှာပေါ့ ။ဒါပေမဲ့သူထင်ထားသလို ကိုကို ကသူ့ကိုလုံးဝရှောင်နေတာမျိုးတော့မဟုတ်ဘူး။သူသတိမထားမိတဲ့အချိန်မျိုးမှာ သူ့ကိုလာလာကြည့်တတ်တယ်။အဲ့တုန်းကသူမထင်ခဲ့တဲ့ကိစ္စတစ်ခုပေါ့။ နောက်တော့ အားလုံးသိထားတဲ့သူတို့ရဲ့ဇာတ်လိုက်ကြီး ပေါ်လာတယ် .   .   .  စွတ်ပြုတ်။

တစ်နေ့တစ်နေ့ သူအလုပ်ရှုပ်နေတာကိုမြင်နေရတဲ့ ကိုကိုက သူ့အတွက်ကိုယ်တိုင်ဆေးစွတ်ပြုတ်တစ်ခုချက်ပေးတယ်။ကိုယ်တိုင်ပေးရမှာတွန့်ဆုတ်နေလို့ သူနဲ့အတူနန်းတွင်းထဲပါလာတဲ့ အစေခံကောင်လေးကို ပို့ခိုင်းလိုက်တယ်။အာ.   . သူပြောဖို့မေ့သွားသလိုပဲ အဲ့အစေခံဆိုတာက သူကကိုကို့ကိုစစ်အင်အားလိုချင်လို့ဖိအားပေးလက်ထပ်ထားတယ်ဆိုပြီး မင်းသား၂ ရဲ့ဦးနှောက်ဆေးခံထားတဲ့တစ်ယောက်။ပြီးတော့ သူကကိုကိုရဲ့စွတ်ပြုတ်ကို အစစ်ဆေးမခံပဲသောက်လိုက်တယ်ဆိုတာကိုမင်းသား၂ကိုပြောပြတဲ့တစ်ယောက်ပေါ့။

အခုသူဘယ်လောက်ပျော်နေလဲဆိုတာစဉ်းစားလို့ရလား။ကိုကိုမဟုတ်ဘူး သူ့ကိုအဆိပ်ခတ်တာ ကိုကို မဟုတ်ဘူး။သူဒီအိမ်မက်အလယ်လောက်မှာကတည်းက သိတယ်ဆိုပေမဲ့ ကိုယ်တိုင်မြင်ရတာနဲ့ထင်တာနဲ့ကမတူဘူး။

နောက်ပိုင်းတွေကိုဆက်ကြည့်စရာမလိုတော့ဘူး။သူ့ရင်ထဲကအစိုင်အခဲကြီးက အခုတင်အရည်ပျော်သွားပြီ။သူ့ဘယ်လောက်ပျော်နေလဲဆိုရင် အဆိပ်ကြောင့် သူ့အသားတွေပုပ်ပွလာပြီး သေခါနီးမင်းသား၂က သူအနိုင်ရကြောင်းလာကြွားတာကိုမြင်တာတောင် အေးအေးပဲ။ဒါပေမဲ့ကိုကို့ကို အစေခံကောင်လေးက အပျော်လွန်ပြီး သူ့လုပ်ရပ်ကိုဖွင့်ပြောမိသွားတဲ့အချိန်မှာမှ အသိပြန်ဝင်လာတော့တယ်။

" မင်း.   . က .   .   ဘာလုပ်လိုက်တယ်။ "

" မင်းသား၂ပေးတဲ့အဆိပ်ကဖြေဆေးမရှိတော့ အခုသခင်လေးက အဲ့မကောင်းဆိုရွားကောင်ကိုစိတ်ပူစရာမလိုတော့ဘူး။သခင်လေးမကြာခင်လွတ်လပ်သွားတော့မှာ .   .   .   .   "

Rewriting the History📖  ( Book 1 ) [ Completed ]Opowieści tętniące życiem. Odkryj je teraz