၁၀နှစ်ဆိုတဲ့အချိန်ကာလက ကြာတယ်လို့ထင်ရပေမဲ့မျက်စိတစ်မှိတ်ပါပဲ။ထူးခြားတာဆိုလို့ မုရုံစစ်သူကြီးရဲ့သားဖြစ်တဲ့မုရုံသခင်လေးက အဖေ့ခြေရာနင်းပြီး အားကိုးရတဲ့စစ်သူကြီးဖြစ်လာတာရယ်၊ဟယ်ပင်ပြည့်ရှင်ရဲ့တစ်ပင်တိုင်မင်းသမီးချန်မေ က နံပါတ်တစ်အချောဆုံးမိန်းကလေးဖြစ်တာရယ်နဲ့ မြစိမ်းတောင်သခင်ကအကောင်းကြီးရှိနေတဲ့မြို့တော်ကအိမ်ကိုပစ်ပြီး မုရုံစံအိမ်ဘေးမှာ အိမ်အသစ်တစ်လုံးထပ်ဝယ်လိုက်တာရယ်တို့ပဲ။
မြစိမ်းတောင်သခင်လို့ပြောလိုက်တာနဲ့ ရှင်းယွဲ့မြို့သခင်ဖြစ်တဲ့ ချန်လျန် ကမပါမဖြစ်ပဲ။မြို့ကိုအုပ်ချုပ်သူရွေးပြီးကတည်းက တောင်အောက်ဆင်းတာရှားပြီး မြင်ဖူးသူတိုင်းကတော့ရုပ်ရည်အလွန်ချောမောတယ်လို့ပြောကြသည်။မင်းသမီးချန်မေနဲ့မုရုံဟန်ယွင်ရဲ့ပုံကိုအလွယ်တကူရနိုင်ပေမဲ့မြို့သခင်ရဲ့ပုံကတော့ မျက်နှာမှာပန်းပွင့်ကွယ်ရင်ကွယ်၊မကွယ်ရင်ယပ်တောင်ကွယ်နေတာပဲ။ဘာလို့လဲမေးတော့ မြို့သခင်ရဲ့အလှတရားကို ပေါ်လွင်အောင်မဆွဲနိုင်လို့တဲ့။သေချာတာကတော့ မြို့သခင်ပုံတိုင်းမှာ ကြက်သွေးရောင်ဝတ်စုံနဲ့ အနီရောင်မှာမှ မက်မွန်ပန်းပုံပါတဲ့ယပ်တောင်ပါတာပဲ။
ဒီတစ်ခေါက်တော့ ရှင်းယွဲ့မြို့သခင်က မြို့တော်ကိုလာမယ်ဆိုတော့ ဘယ်လိုရုပ်ရည်လဲဆိုတာမြင်ချင်သူတွေကတော့ဒုနဲ့ဒေးပဲ။
" သခင်တို့ အခုမြို့တော်ကိုစဝင်ပါပြီ။ "
" အင်း. . . "
ပျင်းတိပျင်းရဲ့ဖြေသံနဲ့အတူ ပွင့်ဟာသွားတဲ့ဘေးလိုက်ကာစ။
မမြင်တာကြာပြီဖြစ်တဲ့မြို့ရိုးကိုကြည့်ရင်း အတွေးတို့က လွန်ခဲ့သောနှစ်တွေက ရက်တစ်ရက်စီ
" ချန်. . . မွေးစားအဖေ . . . လောကမှာစိတ်ထင်ယောင်ထင်မှာဖြစ်စေတဲ့ဆေးရှိလား "
" ပေါတာပေါ့ "
" အဲ့ဆေးတွေထဲမှာမှ စမ်းသပ်လို့မရနိုင်တဲ့ဆေးရော "
" ဒါကတော့ မဖြစ်နိုင်ဘူးထင်တယ်။အကယ်၍ ပုံမှန်အတိုင်းစမ်းသပ်လို့မရရင်တောင် ရောဂါလက္ခဏာတော့ပြမှာပဲလေ။အဲ့လိုဆိုရင် ဆေးခပ်ခံရတယ်ဆိုတာ ကျွမ်းကျင်သူဆိုသိပြီး သူ့နည်းသူ့ဟန်နဲ့စမ်းသပ်နိုင်မှာပဲ။ဒါနဲ့ဘာလို့မေးတာလဲ။ "
YOU ARE READING
Rewriting the History📖 ( Book 1 ) [ Completed ]