* 18 *

367 40 4
                                    

မြို့တော်ကိုရောက်တာနဲ့ ခဏနားပြီးညဘက်ရောက်မှနန်းတွင်းမှာကျင်းပမဲ့ပန်းပွဲတော်ကိုတက်ရင်း မတွေ့ရတာကြာတာလူတွေကိုလည်းနှုတ်ဆက်ရမှာပေါ့။ပန်းပွဲတော်ဆိုတာ ပန်းတွေကိုကြည့်တာထက်အိမ်ထောင်ဖက်လာကြည့်တာဆိုရင်ပိုမှန်မယ်။ဒီကြားထဲ သဘောကျတဲ့သူရှိရင်ပန်းပေးပြီးတစ်ဖက်လူကလက်ခံရင်တော့ စိတ်ဝင်စားလို့ပဲ။စကားသံတွေနဲ့စည်ကားနေတဲ့ပွဲတော်က ကြေညာသံတစ်ခုကြောင့်တိတ်ဆိတ်သွားတယ်။

" မြစိမ်းတောင်သခင်နဲ့ ရှင်းယွဲ့မြို့သခင်ဝင်ရောက်လာပါပြီ။ "

တော်ဝင်ဥယျာဉ်ထဲကိုဝင်ရောက်လာတဲ့စိမ်းပြာရောင်အင်္ကျီပိုင်ရှင်နဲ့ ကြက်သွေးရောင် အင်္ကျီပိုင်ရှင်။

ရှင်းယွဲ့မြို့သခင်ဆိုတာနဲ့အားလုံးကခေါင်းထောင်လာကြသည်။တောင်သခင်ဘေးကလူကိုမြင်လိုက်တာနဲ့ အားလုံးရဲ့စိတ်

ထဲမှာတူညီတဲ့အတွေးတစ်ခုပေါ်လာတယ်။

' ဒါက နတ်ဘုရားလား လူလား '

ဖန်ဆင်းရှင်ကိုယ်တိုင်ထုဆစ်ထားတယ်လို့ထင်ရလောက်အောင် ဘယ်နေရာမှအပြစ်ပြောစရာမရှိအောင် ကျက်သရေရှိလွန်းတယ်။ကြက်သွေးရောင်ဝတ်စုံကိုဝတ်ဆင်ထားတဲ့ချန်လျန်က အရိုင်းမဆန်ပဲ တော်ဝင်ဆန်တဲ့ဖက်ကိုသွားတယ်။မိန်းမ မဆန်ပေမဲ့ပြေပြစ်တဲ့မျက်နှာထားနဲ့ဖြူနုနေတဲ့အသားအရည်က လရောင်ကြောင့် ပိုပြီးတောက်ပနေတယ်။ငွေရောင်ဆံထိုးနဲ့ဆံပင်ကိုရိုးရှင်းစွာထုံးဖွဲ့ထားပြီး တည်ကြည်နေတဲ့အသွင်က အောက်ကနေသာမော်ကြည့်နိုင်တဲ့ ပန်းတစ်ပွင့်လိုပဲ။ သေလောက်တဲ့အဆိပ်ပါတာကိုတော့လျို့ဝှက်ချက်ပေါ့။

မင်းကြီးနဲ့မိဖုရားခေါင်ကြီးကို ဂါရဝပြုကာ နေရာမှာသွားထိုင်တဲ့အထိ အကြည့်တွေကကပ်ပါနေဆဲ။ဒါပေမဲ့သူတို့ရဲ့အကြည့်တွေကို ဘေးကတောင်သခင်ရဲ့လှောင်ပြုံးကိုမြင်လိုက်ချိန်မှာပဲ ချက်ချင်းရုတ်သိမ်းသွားတယ်။

' နှစ်တစ်ထောင်မြေခွေးကိုမေ့တော့မလို့။ '

အများအာရုံအစိုက်ခံနေရတဲ့ ချန်လျန်ကတော့ အကြည့်တွေကိုကစားနေရင်း မျှော်နေသူကိုတွေ့လိုက်ချိန်မှာတော့ ပြုံးသွားတယ်။

Rewriting the History📖  ( Book 1 ) [ Completed ]Hikayelerin yaşadığı yer. Şimdi keşfedin