* 28 *

284 34 0
                                    

အရှည်ကြီး ____________________
တင်တယ်နော် ဟီး 😁😁

ရေကန်ဘေးမှာငါးစာကျွေးနေတဲ့ မင်းသမီးချန်မေ ရဲ့ပုံဟာပန်းချီကားတစ်ချက်လိုပဲလှတယ်။ဒါပေမဲ့သူမအတွေးတွေကတော့ မလှပဘူး။သတိထားကြည့်မယ်ဆိုရင် သူမကငါးစာကိုလက်ညိုးနဲ့လက်မတစ်ညှပ်စာကိုအလှမွေးငါးတွေပေါ်ဖြန့်ကျဲနေရုံလေး။သူမလက်ကကျွေးသမျှကိုငါးတွေအလုအယက်စားနေကြတဲ့မြင်ကွင်းက သူမကိုအရမ်းစိတ်ကျေနပ်မှုပေးတယ်။

သူမကိုသိတတ်စအရွယ်ကတည်းကမိခင်ဖြစ်သူမိဖုရားလီရဲ့သင်ကြားမှုအောက်မှာကြီးပြင်းလာတာ။အထူးသဖြင့် လူတွေကိုဘယ်လိုအသုံးချရမလဲ၊ စိတ်ခံစားချက်တွေကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတာပေါ့။ထားပါတော့ . . . . .

" ရှောင်လု . . . ရှီးရှားကဆက်သလာတဲ့ရတနာတွေကထူးခြားတယ်ကြားတယ်။အဆင်ပြေတာလေးတွေသွားယူလာလိုက် ရွေးရအောင်။ "

" ဟုတ်ကဲ့ပါ မင်းသမီး . . . "

ရှောင်လုဆိုတာ ငယ်ငယ်ကတည်းကအနားမှာနေလာသူမို့သူမအကြိုက်တွေကိုပြောစရာတောင်မလိုတော့ဘူး။ငါးစာတွေကုန်သွားမှ အဆောင်ကိုပြန်လာတော့ ရတနာဗန်းတွေနဲ့ တန်းစီနေတဲ့အပျိုတော်တွေ။

ဒီတစ်ခေါက်က များသားပဲ . . . အားလုံးလိုလိုကထူးခြားပေမဲ့ အကုန်ယူရင် ပြောကြမဲ့ပါးစပ်တွေ. . . .

" ရှောင်လု . . . ဒီထဲကမှ ငါမင်းသမီးနဲ့လိုက်မယ်ထင်တာဟာတွေရွေးကြည့်။ "

" ဟုတ်ကဲ့ "

မကြာခင်မှာပဲ အပျိုတော်အချို့အရှေ့တက်လာပြီး ရှောင်လုကတစ်ခုခြင်းစီရှင်းပြသည်။

" မင်းသမီး ဒါက ကျောက်စိမ်းသရဖူပါ၊ ဒါကတော့ ပိုးသားပေါ်မှာ ရွှေချည်တွေနဲ့သရုပ်ဖော်ထားတဲ့ခြုံထည်ပါ၊ ဒါကတော့ ရှားပါးတဲ့ပယင်းနဲ့လုပ်ထားတဲ့အမွှေးနံ့သာအိုးပါ၊ဒါကတော့ မီးလင်ဇီးပါ၊ ဒါကတော့ ဆင်စွယ်နဲ့လုပ်ထားတဲ့ အမျိုးသမီးသုံးဓားမြှောင်ပါ၊ ဒါက. . . "

" ဓားမြှောင် . . . ပြကြည့်စမ်း "

ဆင်စွယ်ပေါ်မှာကနုတ်တွေနဲ့အလှဆင်ထားပြီးပေါ့ပါးတဲ့ဓားမြှောင်. . . အရင်တွေ့ဖူးတာတွေနဲ့မတူတဲ့အပြင် သူမအကြိုက်နဲ့လည်းကိုက်တယ်။

Rewriting the History📖  ( Book 1 ) [ Completed ]Donde viven las historias. Descúbrelo ahora