* 39 *

278 34 0
                                    

ဟုတ်တယ် သူ့ရဲ့အလုံးစုံသိ ဦးလေးက အရေးကြီးတဲ့ဟာမှမသိတာကိုအံ့သြလို့မဆုံးဘူး။ဒါမှမဟုတ် သူကိုယ်တိုင်ကိုယ်ကအဲ့လိုယုံချင်နေတာလား။ထားပါတော့ သူ့ဘဝနဲ့သူပေါ့။အခုသိချင်နေတာက သူအခတ်ခံရတဲ့အဆိပ်က ဘယ်ကလာတာလဲဆိုတာပဲ။

စစ်ပွဲနိုင်လို့ပြန်ရောက်တဲ့ မျက်နှာဖုံးချန်လျန်က နာမည်ကြီးနေတဲ့အဖိုးတန်နှင်းဆီဖြူပန်းခင်းကြီးကိုမီးရှို့တာကိုသူရပ်ကြည့်နေတယ်။ပြီးတော့ အဲ့တုန်းက သူဒေါသတကြီးနဲ့ ကိုကို့ ကိုစစ်မေးတော့ဘာလို့ ဘာမှမပြောတာလဲဆိုတာနားလည်သွားပြီ။ကိုကို အတွက်ဒီသတင်းတွေကဝန်ခံလို့လည်းမကောင်းသလို၊ဝန်မခံလို့လည်းမကောင်းဘူး။သူလုပ်တာမဟုတ်ဘူးဆိုပေမဲ့ ငြင်းမရတဲ့သက်သေတွေရှိတော့ အသံတိတ်နေတာက အကောင်းဆုံးရွေးချယ်မှုပဲ။ဒါပေမဲ့ မျက်နှာဖုံးချန်လျန် ကတစ်ဇွတ်ထိုးတစ်ယောက်၊ ပိုဆိုးတာက ခေါင်းထဲကအသံကလည်းရှိနေပြန်တော့ .   .   .    .    .   .

အမည်မသိမြှားနဲ့ရောက်လာတဲ့စာမှာ မုရုံစစ်သူကြီးကပုန်ကန်ဖို့ကြိုးစားနေတယ်ဆိုတဲ့သတင်းအပြင် သက်သေရှိတဲ့နေရာပါ ပါလာတော့ ဒါကသူ့အတွက်အခွင့်အရေးလို့ထင်ခဲ့မိတာ။တော်ဝင်မိသားစုကိုသစ္စာစောင့်သိတဲ့ မုရုံစစ်သူကြီးက ပုန်ကန်မှုတကယ်လုပ်မယ်လို့သူမထင်ဘူး။သက်သေထွက်လာရင်တောင် ထောင်ချောင်ဆင်ခံရတာဖြစ်ဖို့များတယ်။ဒါပေမဲ့လည်း သူသာဒါကိုကောင်းကောင်းအသုံးချနိုင်ရင်    .    .    .   .    .

ငယ်ငယ်ကတည်းက ချန်ယွိ သူ့ကိုသင်ပေးတာက အပေးအယူက သာမန်ကတိတွေထက်ပိုကောင်းတယ်ဆိုတာပဲ။ရှင်းယွဲ့မြို့အတွက် အသေခံတပ်သား၊ ပရောဟိတ်ကြီးအသက်အတွက် မြစိမ်းတောင်၊ အိမ်ရှေ့စံမိဖုရားဟောင်းနဲ့သူမသားအတွက်ဧကရီနေရာ .   .   . ဘယ်တုန်းကမှ အပေးအယူမပါပဲ သူဘာမှမလုပ်ဖူးဘူး။ ဒါကိုအသုံးချပြီး ကိုကိုသူ့အနားမှာတစ်သက်လုံးနေအောင်အစီအစဉ်တွေချနေမိတယယ်။အစီအစဉ်တွေနဲ့အလုပ်များနေတဲ့သူက ဘဝကထင်သလိုမဖြစ်နိုင်ဘူးဆိုတာမေ့သွားပုံပဲ။

သစ္စာတရားကိုအလေးထားလွန်းတဲ့စစ်သူကြီးက သူ့ရဲ့အပြစ်ကင်းမှုကို အသက်နဲ့သက်သေပြသွားတယ်။သေတာကလည်း သူ့လက်ထဲကဓားကိုရင်ဘက်ထဲထိုးသွင်းသွားတာ။ဒါဆိုဓားစိုက်ပြီးမှဝင်လာတဲ့ ကိုကို ကရောဘယ်လိုထင်သွားမလဲ။သေချာပေါက် သူသတ်လိုက်တာပဲပေါ့။ဒါကလည်း ကိုကိုက သူ့ကိုအဆိပ်ခတ်တယ်လို့ထင်ရတဲ့ အချက်တွေထဲကတစ်ခုပဲ။

Rewriting the History📖  ( Book 1 ) [ Completed ]Where stories live. Discover now