Chapter 3

330 38 16
                                    

ဒီနေ့ ဟိုဘက်အိမ်က ခရမ်းချဉ်သီးလေးအိမ်ဘက်ကိုရောက်မ‌လာသေးပေ။ပုံမှန်ဆို မနက်မိုးလင်းတာနဲ့
အိမ်ဘက်ကိုလာကစားလေ့ရှိတဲ့ ကလေးလေးက
မနက်ဆယ်နာရီထိုးသည်ထိ ရောက်မလာသေးတာ
ကြောင့် Billkin တစ်ယောက်တမျှော်မျှော်ဖြစ်နေလေသည်။

"သားရေ မေမေ ပန်းသီးလေးတွေခွဲထားတယ်နော်
ပီပီလုံးလေးလာရင် စားကြ"

"မေမေ့ပီပီလုံးက ဒီနေ့မလာသေးပါဘူးဗျာ
သားလိုက်သွားကြည့်ရမလားမသိဘူး"

စိတ်ညစ်ညစ်နဲ့ မီးဖိုခန်းကခုံငယ်မှာ ဝင်ထိုင်လိုက်သည်။
ဒီကလေးလေးဟာ လူကိုသံယောဇဉ်တွယ်အောင်
လုပ်နိုင်သည်။ဘယ်သူ့ကိုမှ မိသားစုထက်ပိုပြီး
သံယောဇဉ်မတွယ်တတ်သူက အခုတော့ ခရမ်းချဉ်သီးလေးကိုအချစ်ဆုံးဖြစ်နေရသည်။

"ပီပီလုံးအိမ်က ဘေးအိမ်ပဲဟာ
သွားပြီးခေါ်လိုက်ပေါ့ သားရယ်။
တစ်မနက်ခင်းလုံး အိမ်ပေါက်ဝပဲကြည့်နေတဲ့သားအဖြစ်ကလည်း ချစ်သူကောင်မလေးလာမှာကို စောင့်နေတဲ့အတိုင်းပဲ"

"ဟာ..မေမေကလည်း"

ရှက်ရှက်နဲ့ အိမ်ထဲကပြေးထွက်ပြီး ပီပီလုံးရဲ့အိမ်ဘက်
ကူးလာခဲ့မိသည်။ဒီကလေးလေး ဘာလုပ်နေပါလိမ့်။

ခြံတံခါးက စေ့ရုံသာစေ့ထားတာမို့ တွန်းပြီးဝင်လာလိုက်သည်။ပီပီလုံးတို့အိမ်ကို အခုမှပထမဆုံးအကြိမ် ရောက်ဖူးတာဖြစ်ပေမယ့် ပီပီလုံးရဲ့မိဘတွေကတော့ သူ့ကိုခင်နေပြီးသားဖြစ်နေပြီ။ပီပီလုံးက အိမ်မှာဆိုအမြဲသူ့အကြောင်းတွေပြောပြတတ်ပါသည်တဲ့။တစ်ခါတလေဆို
မနက်ကတည်းကအိမ်ဘက်ကိုရောက်နေတဲ့ ပီပီလုံးဟာ
ညနက်မှပဲပြန်တာမို့ သူ့မေမေတို့ကလိုက်ခေါ်ရသေးတယ်မဟုတ်ပါလား။

အိမ်ထဲကိုဝင်လာလိုက်တော့ အပေါ်ထပ်ကဆင်းလာတဲ့
ပီပီလုံးရဲ့ မေမေကိုတွေ့ရသည်။

"ဟယ်...သား အိမ်ကိုလာလည်တာလား။
မဟုတ်တောင် သားကိုအခုပဲလာပြောမလို့
ပီပီလုံးလေ မနေ့ကအပူရှပ်ပြီးဖျားတယ်သားရယ်
မနက်ခင်းကလည်း အပူတွေပိုတက်လာလို့ဆရာဝန်ကိုခေါ်ပြထားရတယ်။အခုလည်း ကိုကို ကိုကို ဆိုပြီး
သားကိုပဲခေါ်ခိုင်းနေလို့ အန်တီကလာခေါ်ပေးမလို့။
သားလာတာနဲ့အတော်ပဲဖြစ်သွားတယ်"

Tomato's Love StoryWhere stories live. Discover now