Chapter 26

353 36 6
                                    

"ကြက်ဥကို အဲ့လိုခွဲနေရင် ဒီနေ့ ပန်ကိတ်စားလို့ရမှာ မဟုတ်တော့ဘူး ဟယ်ရီ"

ဒီနေ့ PP ရော Harry ပါအားသည်မို့ PP အိမ်လာကာ နှစ်ယောက်သား ပန်ကိတ်လုပ်နေကြခြင်းဖြစ်သည်။ဟယ်ရီက သူပါကူပေးပါမည်ဟု
အာမခံတာမို့ PP လည်း မပျင်းမရိ ပန်ကိတ်လုပ်ပေးရှာပါသည်။သို့သော် ပြသာနာက ကြက်ဥကို
တောင် ပန်းကန်ထဲမခွဲထည့်တတ်သည့် ဟယ်ရီပင်။ကြက်ဥခွဲနေတာ သုံးလုံးရှိနေပြီဖြစ်ပေမယ့်
အခုထိ ပန်းကန်ထဲမရောက်ခင်စပ်ကြားတွင်
အောက်ကိုပြုတ်ပြုတ်ကျသည်။ပန်းကန်ထဲ
ထည့်ခွဲပါပြောတော့လည်း လက်ဆလက်နနှင့်
ခွဲချလိုက်သည်မှာ ပန်းကန်တစ်ချပ်ပင်ကျကွဲတော့မည့် နီးနီးမို့ PP နည်းနည်းပါးပါးဆူလိုက်တော့ မျက်နှာက ချက်ချင်းငယ်သွားသည်။

နောက်ဆုံးတော့လည်း ကြက်ဥအသစ်လေးတစ်လုံးကို ကိုင်နေရာကနေ PP များဒေါသထွက်နေသလား ဆိုပြီး မျက်နှာငယ်လေးနဲ့ ခိုးခိုးကြည့်နေတာမို့ သူ့နားကိုသွားလိုက်ကာ လက်ထဲက
ကြက်ဥကို ယူလိုက်သည်။

"ဒီလိုလေး ပန်းကန်စောင်းလေးနဲ့ ခပ်ဖွဖွလေးတောက်၊ပြီးရင် ကြက်ဥကို ပန်းကန်ထဲထည့်ပြီးကြက်ဥမှာ ပေါ်လာတဲ့အက်ကွဲကြောင်းလေးကို လက်လေးနဲ့အသာဖိပြီး အကွဲနှစ်ခုကို ဘေးကိုခွဲချလိုက်၊အဲ့တော့ ပန်းကန်ထဲတန်းရောက်ရော။
ကျန်တဲ့လေးလုံးကို P ပြောသလို လုပ်ကြည့်လိုက်နော်"

အဲ့ဒီနောက်မှာတော့ PP ရှေ့က လုပ်ပြသည့်
အဆင့်ဆင့်ကို တုန်တုန်ရင်ရင်လုပ်ဆောင်နေသော ဟယ်ရီ့ကိုတွေ့ရပေမည်။သူ့ခမျာ ကြက်ဥလေးကို ထပ်ပြီးကျမကွဲအောင် သေချာကိုင်ထားနေသည်။ထိုအချင်းအရာကိုကြည့်ပြီး PP မှာ
ပြုံးရပြန်ပါသည်။

"ရသွားပြီ P!!
ဒီမှာတွေ့လား ကြက်ဥငါးလုံးလုံး ပန်းကန်ထဲရောက်သွားပြီ"

ကြက်ဥ ငါးလုံးခွဲတာအောင်မြင်သွားလို့ PP ကိုမျက်လုံးလေးတွေမှိတ်အောင်ပြုံးကာ
ပြောပြနေသည့် ဟယ်ရီသည် ကျောင်းသားဘဝတုန်းက အတန်းထဲမှာ အဆင့်တစ် ရခဲ့လို့ အိမ်အပြန်မှာ မိဘကိုဝမ်းသာအားရပြောပြနေပုံနှင့်ပင် တူနေသေးသည်။

Tomato's Love StoryWhere stories live. Discover now