Chapter 4

295 34 7
                                    

ဘာလိုလိုနဲ့ ပီပီလုံးလေးတောင် ကျောင်းတက်ရတော့မယ့်အချိန်ကိုရောက်လာခဲ့ပြီ။အရင်ကဆို စာမလုပ်ချင်လို့ ငိုယိုနေတတ်တဲ့ ပီပီလုံးလေးဟာ သူချစ်ရတဲ့ ဘေးအိမ်က
ကိုကို Billkin နဲ့ကျောင်းအတူတက်ရမယ်ဆိုတာ သိပြီးကတည်းက ကျောင်းတွေဖွင့်မယ့်ရက်ကို ပြက္ခဒိန်လေးဆီ လာလာကြည့်နေတတ်တယ်။

"မေမေ ပီပီ ကျောင်းတက်ဖို့ဘယ်လောက်လိုသေးလဲဟင်"

အခုလည်း မနက်ခင်းအိပ်ရာကနိုးလာကတည်းက ပြက္ခဒိန်ရှေ့ကိုသွားပြီး ကျောင်းတက်ရမယ့်ရက်တွေကို
ရေတွက်နေပြန်တယ်။ဒါပေမယ့် ပီပီလုံးက သိပ်ကိုငယ်သေးတာမို့ နေ့တွေကိုကောင်းကောင်းမရေတွက်နိုင်သေးပါဘူး။မနက်နိုးလာတိုင်း လက်လေးကိုနောက်ပစ်လို့ ပြက္ခဒိန်ကိုကြည့်တယ်လုပ်တာပါပဲ။နေ့တိုင်းလည်း
ကျောင်းတွေဖွင့်ဖို့ ဘယ်နှရက်လိုသေးကြောင်း သူ့မေမေကို မေးလေ့ရှိတယ်။

"သားသားက နောက်တစ်ပတ်ဆိုကျောင်းတက်ရပြီ။
ကျောင်းတွေပြန်ဖွင့်ဖို့ တစ်ပတ်ပဲလိုတော့တယ်သားလေးရဲ့"

"ပီပီက ကျောင်းသွားရင် တိုတိုနဲ့တူတူသွားမှာနော်"

"ဟုတ်ပါပြီရှင်...ပထမဆုံးနေ့တော့ မေမေတို့လိုက်ပို့မယ်လေ။နောက်နေ့ကျရင် သားရဲ့ကိုကိုနဲ့သာတူတူသွားတော့"

ပီပီလုံးရဲ့ မေမေဟာလည်း သူ့သားငယ်လေး Billkin ကို
ခင်တွယ်လွန်းတာကို မယုံနိုင်အောင်ဖြစ်နေရတယ်။
တကယ်ဆို ပီပီလုံးက လူကြောက်တတ်တဲ့ကလေးလေးမဟုတ်ပေမယ့် လူခင်တဲ့အထဲမှာလည်းမပါဘူး။အိမ်က
သူ့အစ်မအရင်းကိုတောင် ဘေးအိမ်က ကိုကိုလောက်
မခင်တွယ်တဲ့ ပီပီလုံးရယ်ပါ။

"ဒီနေ့ မေမေတို့သားအတွက် လိုအပ်တာတွေသွားဝယ်ရမယ်။တစ်ပတ်လိုသေးပေမယ့် အခုကတည်းက အဆင်သင့်ဖြစ်ရင် ပိုကောင်းတာပေါ့"

"တိုတို့ကိုရော ခေါ်မှာနော် မေမေ"

"သားရဲ့ကိုကို ကိုလည်းမေးကြည့်ပါဦး။
သားကိုကိုက ပစ္စည်းတွေတောင်ဝယ်ပြီးရော့မယ်"

"အာ့ဆို ပီပီ တိုတို့ဆီသွားမေးလိုက်ဦးမယ်နော်"

စကားကို ဗလစ်ခတ်အောင်ပြောသွားပြီး ဖိနပ်နီနီလေးစီးကာ ဘေးအိမ်သို့ပြေးသွားတဲ့ ကလေးငယ်ကိုကြည့်ပြီး
ပီပီလုံးရဲ့မေမေ့မှာ ပြုံးနေရတယ်။

Tomato's Love StoryOù les histoires vivent. Découvrez maintenant