Chapter 13

240 32 12
                                    

ဒီနေ့ ကိုကိုက လမ်းထိပ်မှာရှိတဲ့ကစားကွင်းလေးကို လိုက်ပို့ပေးမည်ဟု ပြောထားသောကြောင့်
နေမင်းကြီး ခေါင်းပေါ်ရောက်မလာခင် စောစောထလာတဲ့ ပီပီလုံးတစ်ယောက် သီချင်းလေး
တညီးညီးနှင့် အပေါ်ထပ်မှ ဆင်းလာပါတော့သည်။

မနက်စာစားဖို့ ထမင်းဝိုင်းမှာထိုင်တော့လည်း
မိသားစုဝင်တွေအကုန် စကားမပြောဖြစ်ကြဘဲ
အသံတိတ်ကာနေလေတော့ ပီပီလုံးခမျာ မနေတတ်တော့။

ထမင်းကော်လက်စ တူလေးကို ထမင်းပန်းကန်လုံးလေးပေါ် တင်လိုက်ရင်း မေမေ့ရဲ့
မျက်နှာကို မျက်တောင်ရှည်တွေမှေးကာ ချောင်းကြည့်နေမိတယ်။
သူချောင်းကြည့်နေတာကို မေမေကသိသည့်အလား သူနဲ့ မျက်လုံးအကြည့်ချင်းပင် မဆုံဘဲ
ရှောင်ထွက်သွားလေသည်။

မမကတော့ အနေအေးတော့ ထားတော့။
အမြဲ ဟာသတွေပြောနေကျ ဖေဖေတောင် ဒီနေ့တော့ ပန်းကန်လုံးထဲက ထမင်းကိုသာအာရုံစိုက်ပြီးစားနေတာမို့ ပီပီလုံးမှာ ဘဝင်မကျချင်တော့။

'အိမ်ကလူတွေ ဘာဖြစ်ကြတာလဲဟ'

အတွေးတွေကို စိတ်ကူးထဲကတင် ပြောလိုက်ပြီး
ပန်းကန်လုံးထဲရှိ ထမင်းစိလေးတွေသာ တူလေးနဲ့ယူစားလိုက် ဟင်းအရံလေးတွေနှိုက်ယူလိုက်နှင့်
ထမင်းကိုအာရုံစိုက်သာစားလိုက်တော့သည်။

ကိုကိုနဲ့တွေ့ဖို့ အချိန်ကစောသေးတာမို့
ခြံထဲဆင်းကာ ပန်းပင်လေးတွေကိုလျှောက်အကြည့် တစ်နေရာကိုရောက်တော့ အံ့ဩထိတ်လန့်မှုနှင့်အတူ ထိုနေရာဆီအပြေးလေး
သွားလိုက်မိသည်။

ပီပီလုံးကို ကိုကို လက်ဆောင်ပေးခဲ့သည့်
မေပယ်ပင်လေးဟာ အရွက်တွေအကုန်ကြွေကျကာ ကိုင်းလေးတွေခြောက်သွားလေပြီ။
ပန်းအိုးလေးရဲ့ မြေသားအောက်ခြေမှာ ကြွေတာမကြာသေးသည့် ‌လိမ္မော်နီရောင် မေပယ်ရွက်လေးကို တွေ့လိုက်ရတော့ ဝေ့ဝဲလာတဲ့ မျက်ရည်တွေက ပါးပြင်ပေါ်တလိမ့်လိမ့်ကျဆင်းလာတော့သည်။

"ဟင့်...ကိုကို လက်ဆောင်ပေးတဲ့ မေပယ်ပင်လေး သေသွားပြီ"

ညှိုးရော်နေသည့် မေပယ်ပင်လေးကိုကြည့်ရင်း
ပီပီလုံးမှာ ဆောက်တည်ရာမရ။
ကိုကို့ဆီက ရခဲ့တဲ့ လက်ဆောင်လေးရော၊
ကိုကို အမြတ်တနိုးတန်ဖိုးထားရတဲ့မေပယ်ပင်လေးဖြစ်တာကြောင့်ရော ပီပီလုံးမှာ ထို‌မေပယ်ပင်လေးကို နေ့တိုင်းအရိပ်တကြည့်ကြည့် စောင့်ရှောက်ခဲ့ရတာ။ညနေစောင်းရင် ရေတစ်ခါလောင်း၊မနက်ခင်းအစောကြီးမှာလည်း ရေတစ်ခါလောင်းပြီး မေပယ်ရွက်လေးပေါ်တက်နေတဲ့ ခရုလေးတွေကိုလည်း ကြောက်ကြောက်လန့်လန့်နဲ့ ရှင်းပေးခဲ့ရသေးတာ။ဒါပေမယ့် အဆုံးသတ်မှာတော့ ကိုကို့ရဲ့လက်ဆောင်
မေပယ်ပင်လေး သေသွားခဲ့ရရှာပြီ။

Tomato's Love StoryWhere stories live. Discover now