ဟယ်ရီဟာ UK ကနေ ထိုင်းနိုင်ငံကို
ပြောင်းရွေ့လာတဲ့ ကျောင်းသားလေးဖြစ်တာကြောင့် ဘာသာစကားအခက်အခဲဟာ သူ့မှာအတော်လေးကြုံတွေ့နေရတဲ့ ပြသာနာတစ်ခုဖြစ်လာတယ်။နိုင်ငံခြားသားလေးမို့ မျက်လုံးမျက်ဖန်ဟာ ပင်လယ်ရေရဲ့အရောင်လေးလိုပဲ အစိမ်းနဲ့အပြာနုရောင် ရောစပ်ထားတယ်။နီညိုရောင် ဆံပင်ကောက်ကောက်လေးတွေဟာလည်း နဖူးငယ်ပေါ်မှာ ခပ်အုပ်အုပ်လေးရှိနေတယ်။
ပါးချိုင့်ခွက်ခွက်လေးတစ်ခုလည်း ပါသေးတာမို့ ဟယ်ရီဟာ အတော်လေး ကြည့်ကောင်းတဲ့ ကောင်လေးတစ်ယောက်ဖြစ်တယ်။"ဟယ်ရီ...မင်းက ဘာလို့ဒီနိုင်ငံကို ပြောင်းလာတာလဲဟင်"
Snacks အထုပ်ကြီးကြီးထဲ မုန့်ကိုနှိုက်ရင်း နံဘေးက
မျက်လုံးစိမ်းလေးနဲ့ကောင်လေးကို ပီပီလုံးကမေးလိုက်သည်။"ငါ့ရဲ့ step-dad က ထိုင်းကို အလုပ်ပြောင်းရွေ့လာလို့ ငါတို့ပါ တစ်ခါထဲလိုက်ခဲ့ရတာ။တကယ်တော့ ငါက ဟိုမှာ ပါပါးနဲ့နေခဲ့ချင်ခဲ့တာ။ဒါမယ့် Mom က ငါနဲ့ငါ့အစ်မကိုပါ တစ်ခါတည်းဒီကိုခေါ်လာခဲ့တာပဲ"
တကယ်တော့ ဟယ်ရီလေး ပြောတဲ့စကားတွေကို
ပီပီလုံး နားမလည်ခဲ့။ဘာလို့ သူ့ရဲ့ပါပါးနဲ့မာမားကအတူမနေကြတာလဲ။Step-dad ဆိုတာကရော ဘာကြီးလဲ။"နေဦး စတပ်ဒက် ကဘာတုန်းဟင်"
"အော်...အဲ့ဒါလား
Step-dad ဆိုတာ ငါ့ Mom ရဲ့နောက်ခင်ပွန်းပေါ့။
ငါ့ပါပါးနဲ့ မာမားက ငါ့အသက်သုံးနှစ်လောက်မှာ
လမ်းခွဲခဲ့ကြတာလေ။ဒါပေမယ့် သူငယ်ချင်းတွေလိုအဆက်အသွယ်မပျက်ရှိကြတုန်းပါ။ငါကတော့ပါပါးဆီမှာ တစ်လှည့်၊မာမားဆီမှာ တစ်လှည့်နေတာပါပဲ"အေးအေးဆေးဆေး ပြောနေတဲ့ ဟယ်ရီ့ကို
ပီပီလုံးနားမလည်ပါချေ။တကယ်ဆို သူ့ပါပါးနဲ့မာမားကလမ်းခွဲရင် သူကဝမ်းနည်းရမယ်
မဟုတ်လား။
အခုတော့ ဘယ်လိုကြီးလဲမသိဘူး။ဦးနှောက်ပိစိလေးကနေ ဘယ်လိုမှစဉ်းစားမရတဲ့အဆုံး ပီပီလုံးတစ်ယောက်ဟာ snacks ကိုပဲအာရုံစိုက်ကာ ပါးစပ်ထဲကိုသွတ်သွင်း
လိုက်ပါတော့သည်။~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျောင်းတက်ရက်တွေ လပေါင်းများစွာအလွန်မှာပီပီလုံးရယ် ဟယ်ရီရယ်ဟာ လည်ပင်းဖက်ပေါင်းလို့ရတဲ့ သူငယ်ချင်းလေးတွေဖြစ်သွားတော့တယ်။
ဟယ်ရီ့အပေါ် အမြဲအနိုင်ယူတဲ့ ပီပီလုံးကို
ဟယ်ရီဟာအလျှော့ပေးမြဲ။အသက်အရွယ်အတူတူပင်ဖြစ်စေကာမူ
လူမျိုးခြားလေးဖြစ်တဲ့ ဟယ်ရီဟာ ပီပီလုံးထက်
ခေါင်းတစ်လုံးနီးပါး အရပ်ပိုမြင့်တယ်။