"နည်းနည်းပါးပါး အသိစိတ်ကပ်စမ်းပါ Billkin ရာ။တကယ် မင်းမဟုတ်တဲ့အတိုင်းပဲ"
နားနေခန်းထဲ နှစ်ယောက်တည်းရှိနေတဲ့အချိန်မှာ Sky က တစ်ချိန်လုံးငူငူငိုင်ငိုင်ဖြစ်နေတဲ့ သူငယ်ချင်းဖြစ်သူကို အားမရဟန်နဲ့ပြောတယ်။
"Ward ထဲကအစ်မကပြောတယ်
Duty ချိန်မှာ Dr.Billkin ရောက်မလာဘူးတဲ့။
လူနာတွေနဲ့အမြဲ အဆင်ပြေတဲ့ဆရာဝန်က
လူနာတွေကိုစမ်းသပ်နေချိန်မှာတောင် အသိစိတ်ကပ်မနေဘူးတဲ့ကွာ။Kin ရာ မင်းဘာတွေဖြစ်နေတာလဲ ငါ့ကိုပြောပြပါဦး"Billkin က မဖြေ။
မျက်နှာကိုလက်နဲ့အုပ်ပြီး သက်ပြင်းတွေကိုသာ
အကြိမ်ကြိမ်ချတယ်။"PP Krit ဆိုတဲ့ကလေးကြောင့်လို့တော့
လာမပြောနဲ့နော် ဟေ့ရောင်။
မင်းတို့အဆင်ပြေနေတာကြာပြီပဲ""ငါ ဖွင့်ပြောပြီးသွားပြီ"
"ဟမ်!!
ဘယ်တုန်းကလဲ။
ဘယ်လိုပြောလိုက်တာလဲ။
သူကရော ဘာပြန်ပြောလဲ။
မင်းကိုငြင်းလိုက်တာလား"Billkin က ဘာမှပြန်မပြောတော့ဘဲ
အခန်းထဲကထွက်ဖို့ပြင်တယ်။တံခါးလက်ကိုင်ကို
လှည့်နေတုန်းမှာပဲ Sky ကသူ့ကိုပြောလာတယ်။"ဘယ်လိုအခြေအနေတွေပဲကြုံလာလာ
မင်းကအဆင်ပြေအောင်နေတတ်မယ်ဆိုတာ
ငါယုံပါတယ်။ကလေးပဲကွာ သူ့စိတ်သူမသိသေးတာလဲ
ဖြစ်နိုင်ပါတယ်။ပီပီလုံးက မင်းကိုဘယ်လောက်ချစ်ခဲ့သလဲဆိုတာ ငါတို့အားလုံးလည်းသိသားပဲ။
သူမင်းကိုသေချာပေါက်ချစ်နေပါတယ်လို့ ငါအတပ်မပြောနိုင်ပေမယ့် သံယောဇဉ်ကတော့
မင်းဆီမှာပိုပါတယ်"သံယောဇဉ်ပိုတော့ရော ဘယ်နေရာမှာအသုံးဝင်လာလို့လဲ။
PP ချစ်နေတဲ့လူက သူမှမဟုတ်ဘဲ။
အလကား အရောင်မပါတဲ့သံယောဇဉ်တွေ!!"Dr. အပြင်မှာ Burst Appendix case ရှိနေပါတယ်။သွေးဖိအားတွေ၊သွေးပေါင်ချိန်တွေအကုန်စစ်ဆေးပြီးပါပြီ။Operation အခန်းထဲ သွင်းလိုက်ရတော့မလား ဆရာ"
အပြင်ကိုထွက်ထွက်ချင်းမှာပဲ Nurse တစ်ယောက်က Billkin ထံအမြန်ပြေးလာပြောတာမို့
ခေါင်းအသာညိမ့်ရင်း ဝတ်စုံလဲဖို့ရာ အခန်းထဲကိုပြန်ဝင်ရပြန်တယ်။