Chapter 28

357 37 9
                                    

မျက်နှာချင်းဆိုင်ထိုင်ပြီး အခုချိန်ထိတစ်ယောက်စီကမှ စကားမစသေးတာမို့ စားပွဲပေါ်က ကော်ဖီခွက်တွေသည်လည်း အေးစက်လုပြီထင်ပါသည်။

P'Billkin က သူ့ဆီက စာကိုတွေ့တွေ့ချင်း
ရောက်လာပုံရသည်။ခုဏက ဆေးရုံမှာတွေ့ခဲ့တုန်းက အဝတ်အစားနှင့်ပင်။PP ကတော့
ဘယ်နေရာမှာ ကျန်နေခဲ့သလဲဆိုတာကို သူမသိ။

"P' နှင့် PP ရဲ့ ဆက်ဆံရေးက ဘယ်လိုမျိုးလဲ
ဆိုတာ ကျွန်တော်သိခွင့်ရမလား။မဟုတ်ဘူး...
ကျွန်တော်သိချင်တယ်။ကျွန်တော့်မှာလည်း
သိပိုင်ခွင့်ရှိတယ်လို့ထင်တယ်"

"PP ကို ကိုယ်မြတ်နိုးတယ်။
ဟိုးလွန်ခဲ့တဲ့နှစ်တွေကတည်းက ဖြစ်တည်ခဲ့တဲ့
ခံစားချက်ပါ"

ကော်ဖီခွက်ကိုလှမ်းကိုင်လိုက်တဲ့ ဟယ်ရီ့ရဲ့လက်တွေဟာ လေပေါ်မှာတန့်ခနဲ။

"အဟက်...PP Krit ကလည်း အဲ့ဒီစကားနဲ့
တစ်ထေရာတည်းတူတဲ့စကားကိုပြောသွားခဲ့တာပဲ။ငယ်ငယ်လေးကတည်းက သဘောကျမြတ်နိူးတယ်ဆိုတဲ့စကား"

"အစ်ကို့ကို PP က အဖြေပြန်မပေးရသေးပါဘူး။
ကိုယ့်ဘက်ကသာ ရှေ့ဆက်တိုးနေတဲ့ အနေအထားတစ်ခုမို့ PP ကိုတော့အပြစ်မမြင်စေချင်ဘူး"

"PP က တစ်ယောက်တည်းဖြစ်နေခဲ့တဲ့ ကျွန်တော့်ကို အဖော်ပြုပေးခဲ့တဲ့ ဘဝရဲ့ပထမဦးဆုံး
သူငယ်ချင်းပါ။နောက်ပြီး ကျွန်တော့်ဘဝရဲ့
ပထမဆုံးချစ်ရသူကလည်း PP ဖြစ်နေခဲ့ပြန်တာပါပဲ။ပထမဆုံး ကာကွယ်စောင့်ရှောက်ချင်ခဲ့မိတဲ့သူ၊ပထမဆုံး ချစ်ခင်ကြင်နာမိလိုတဲ့သူ၊ပထမဆုံး ပိုင်ဆိုင်ချင်မိတဲ့သူဟာလည်း PP ပဲ။

အစ်ကိုသိလား။
PP ကလေ ငယ်ငယ်လေးကလည်း လူမိုက်လေး။
ပါးဖောင်းဖောင်းလေးတွေနဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေပိုင်ဆိုင်ထားတဲ့ ပီပီလုံးလေးက ဘယ်သူ့ကိုမှလည်း မကြောက်ခဲ့ဘူး။သူ့ထက် ခန္ဓာကိုယ်ကြီးတဲ့ကျောင်းသားတွေနဲ့လည်း ရန်ဖြစ်လိုက်တာပဲ။သူ့ထက်အရပ်ရှည်တဲ့သူက
သူ့ကိုလှောင်လို့ဆိုပြီး ထမင်းဘူးနဲ့လှမ်းထုတုန်းကလည်း ဘေးမှာကျွန်တော်ရှိနေခဲ့တယ်။အဲ့ကိစ္စနဲ့ကျောင်းအုပ်ဆရာမကြီးရုံးခန်းကိုရောက်တော့လည်း မျက်နှာသေလေးနဲ့ပဲ သူကဘာဆိုဘာမှကိုမကြောက်တာ။

Tomato's Love StoryWhere stories live. Discover now