Chapter 18

247 38 9
                                    

ဒီနေ့ နေ့လယ်ခင်းမှာ ဟယ်ရီနဲ့ date လုပ်ဖို့
စီစဉ်ထားတာမို့ နေသိပ်ပူမလာခင် သွားရန် အဝတ်အစားခပ်မြန်မြန်လဲကာ အိမ်ရှေ့တွင်
ထွက်စောင့်နေလိုက်သည်။

ခဏအကြာတွင် ဟယ်ရီရောက်လာတာမို့
ကားပေါ်‌တက်ကာ သွားရန်ပြင်နေဆဲမှာပင်

"ဒေါက် ဒေါက်"

ကားမှန်ကို နှစ်ချက်လာခေါက်တဲ့အသံကြောင့်
ဘေးကိုလှည့်ကြည့်မိလိုက်တော့ ဟိုဘက်အိမ်က
ဆရာဝန်ကြီး...

'ဘာလဲ' ဟူသည့်အကြည့်နှင့်ကြည့်ပေးလိုက်တော့ ကားမှန်ချရန်အမူအရာတွေလုပ်ပြနေသူကြောင့် ဘုကြည့်ကြည့်ကာ မှန်ချပေးလိုက်လေသည်။

"P တို့ဘယ်သွားကြမလို့လဲ"

ကျွန်တော်က ပြန်မဖြေသော်လည်း နံဘေးက
ဟယ်ရီကတော့

"ဟော့ပေါ့ သွားစားမလို့ P'...
PP က နေ‌သိပ်မကောင်းဘူးဆိုလို့ ဟော့ပေါ့လိုက်ကျွေးမလို့လေ။အရင်အပတ်ကတည်းက ကတိပေးထားတာကို အခုထိလိုက်မပို့ရသေးလို့
သူ ဂျစ်နေတာ"

ကားမှန်ချထားတဲ့ ဘောင်ပေါ် လက်တင်ကာ
လူကိုစိုက်ကြည့်လာတဲ့လူကြောင့် ဘေးကိုတိုးကာ သူနဲ့ခပ်ဝေးဝေးမှာနေလိုက်မိသည်။

"ကိုယ်တွေပူနေတာပဲ"

ရုတ်တရတ် လည်ပင်းသားကို အဖျားလာစမ်းတဲ့
လက်ကြီးကြီးတစ်ဖက်ကြောင့် ကြက်သီးမွှေးညှင်းတွေပါထသွားကာ ထိုင်နေတဲ့ကိုယ်ကိုပင်
ကျုံ့လိုက်မိသလားပင်မသိတော့။

"ဖျားနေတာကို အပြင်မထွက်ပါနဲ့လား ပီပီလုံးရဲ့။
ဟော့ပေါ့စားချင်တယ်ဆို ကိုယ်အိမ်မှာလုပ်ကျွေးမယ်လေ။အပြင်ထွက်ပြီး လေစိမ်းတွေတိုက်ရင်
ပိုဖျားနေလိမ့်မယ်"

"ကျွန်တော့်ကိစ္စတွေမှာ ခင်ဗျားဝင်မပါလို့
မရဘူးလား။ကျွန်တော့်စိတ်နဲ့ ကျွန်တော်ပါ။
ပြီးတော့ ကျွန်တော်က ခင်ဗျားလိုက်ဂရုစိုက်တာခံရတဲ့ ဆယ်နှစ်သားကလေးလည်းမဟုတ်တော့ဘူး။ကျွန်တော် လုပ်ချင်ရာကိုလုပ်မယ်။
ကျွန်တော့်အိမ်ကတောင် ဘာမှမပြောတာမို့
ခင်ဗျားပြောစကားလည်း နားမထောင်နိုင်ဘူး"

Tomato's Love StoryWhere stories live. Discover now