Chapter 22

293 34 7
                                    

"တီ တီ တီ တီ"

Burst Appendix (အူအတက်ပေါက်ခြင်း)ဖြစ်သော လူနာကို အရေးပေါ်ခွဲစိတ်ခန်းသွင်းကာ
ခွဲစိတ်မည်အပြု နှလုံးခုန်စက်မှ ကျယ်လောင်စွာထွက်ပေါ်လာသောအသံကြောင့် ခွဲစိတ်ခန်းအတွင်းရှိဆရာဝန်များ ပျာသွားကြသည်။

"ဒေါက်တာ လူနာက သွေးပေါင်ချိန်ရုတ်တရတ်
ထိုးကျသွားပြီ"

အူအတက်ပေါက်သောလူနာဟာ သွေးဖိအား
အဆမတန်ကျဆင်းနေလျှင် ဘယ်လိုမှခွဲစိတ်၍
မဖြစ်။

နံဘေးက လက်ထောက်ဆရာဝန်လေးများကလည်း မျက်စိမျက်နှာပျက်ကာဖြင့် Billkin ကိုအားကိုးတကြီး လှမ်းကြည့်ကြသည်။

"ကျွန်တော်တို့ လူနာကိုခဏစောင့်ကြည့်တာ
ပိုကောင်းမယ်ထင်တယ်"

"အဲ့လိုလုပ်ဖို့အဆင်မပြေနိုင်လောက်ဘူး ဒေါက်တာ။မေ့ဆေးပေးထားတဲ့အချိန်အတွင်း
မခွဲနိုင်ရင်..."

"ကျွန်တော်တို့ စောင့်ကြည့်ရမယ် အစ်မ!"

Billkin က အနည်းငယ်ကျယ်သောအသံနှင့်
ပြောလိုက်တော့ သူနာပြုအစ်မက တစ်ချက်လှမ်းကြည့်သည်။

"သွေးဖိအားကျနေတဲ့လူနာကို ဒီတိုင်းချက်ချင်းခွဲစိတ်လိုက်ရင် အူအတက်ပေါက်လို့မသေဘဲ
သွေးထွက်လွန်ပြီးသေသွားလိမ့်မယ်။

Burst Appendix case က မြန်မြန်ခွဲစိတ်နိုင်ရင်
အကောင်းဆုံးဆိုတာ ကျွန်တော်သိတယ်။
ဒါပေမယ့် ကုန်သွားမှာက လူနာရဲ့အသက်ဗျ။
ခင်ဗျားတို့ဘာတွေလောနေလဲတော့ ကျွန်တော်
မသိဘူး။သေချာတာကတော့ လူနာကိုစောင့်ကြည့်နေရမှာပဲ!! "

ဆရာဝန်တွေ၊သူနာပြုတွေလုပ်နေကြပြီး
လူနာကိုအဲ့လောက်မှ အချိန်မပေးနိုင်ရင် ဆေးရုံမှာအသက်ကယ်ဖို့လုပ်မနေကြနဲ့တော့။

ကိုယ်တိုင်လည်း ဒီခွဲစိတ်မှုကို အချိန်မကြန့်ကြာစေဘဲ ပြီးစီးချင်တာအမှန်ပါ။လူနာတစ်ယောက်
ခွဲစိတ်ခန်းဝင်ရရင် အပြင်မှာစောင့်နေရတဲ့
မိသားစုဝင်တွေရဲ့စိတ်ပူပန်မှုကလည်းမသေးဘူးလေ။အခုခေတ်မှာ လူတစ်ယောက်ရဲ့အသက်ကို
ကြက်ကလေးငှက်ကလေးအသက်ပျောက်သလိုပေါ့ပေါ့တန်တန်သဘောထားတဲ့ ဆရာဝန်တွေမှ
ဒုနဲ့ဒေးပဲ။ကလေးတစ်ယောက် အသည်းအသန်ဖြစ်လို့ဆေးရုံလာတာတောင်
လက်သည်းနီဆိုးမပြတ်တဲ့ ဆရာဝန်မတွေ၊
အက်ဆီးဒန့်လူနာကိုမစမ်းသပ်သေးဘဲ
ဇာတ်ကားထိုင်ကြည့်နေတဲ့သူနာပြုတွေများစွာကို
Billkin တွေ့ဖူးခဲ့ပါသည်။လူတွေဟာ ဘာကြောင့်အခုလို သွေးအေးနေရသလဲဆိုတာ ကိုယ်တိုင်လည်းမတွေးတတ်တော့ပါ။

Tomato's Love StoryWhere stories live. Discover now