Chapter 20

304 42 21
                                    

"သူ...ဒဏ်ရာကို ဆေးထည့်ပါ့မလား။
အို..ဘာဖြစ်သလဲ သူကဆရာဝန်ပဲ သူ့ကျန်းမာရေးသူ ဂရုစိုက်မှာပေါ့"

အိပ်ခန်းရဲ့ကုတင်ပေါ်မှာ ထိုင်နေမိတာ နာရီနဲ့ချီအောင်ကြာနေပေမယ့် မျက်လုံးတွေကတော့
တစ်ဖက်ခြံဝန်းထဲမှာရှိနေဆဲ။

ဒီတိုင်း ဘာမှမဖြစ်သလိုရှောင်ထွက်လာခဲ့ပေမယ့်
အဲ့ဒီလူ ဒဏ်ရာရသွားတာကိုသိလိုက်သားပဲ။
ဒီလောက် ခြေထောက်မှာသွေးတွေကျနေတာကိုတောင် မျက်နှာတစ်ချက်မှမပျက်တဲ့လူ...
အေးပေါ့လေ...အဲ့ဒီလူက လွန်ခဲ့တဲ့နှစ်တွေတုန်းကတောင် အသဲမာခဲ့တဲ့လူပဲ။

ဒါပေမယ့်လည်း အဲ့ဒီလူကိုသူကတော့ စိုးရိမ်ပါသည်။မတော်လို့ ဒဏ်ရာကြောင့် နေမကောင်းဖြစ်သွားရင် ဒုက္ခ။
သူကတော့ ပီပီ့ကိုဖြစ်ချင်ရာဖြစ်ဆိုပြီး နှစ်တွေအကြာကြီးပစ်သွားခဲ့ပေမယ့် ပီပီကတော့သူ့လို
သွေးမအေးပါဘူး။မုန်းတဲ့စိတ်တွေရှိနေပေမယ့်
ချစ်တဲ့စိတ်...ဟင့်အင်း မဟုတ်သေးဘူး...
သံယောဇဉ်တော့ သေးသေးလေးကျန်နေသေးတာမို့ စိတ်ပူပါသည်။

ညနေစောင်းအထိ အိပ်ရာပေါ်လူးလိမ့်နေပေမယ့်
ဘယ်လိုမှ နေမရတော့တဲ့အဆုံး အောက်ထပ်ကိုဆင်းကာ ကြက်သားများများနဲ့ ဆန်ပြုတ်ကို
ပြင်လိုက်တယ်။အရသာမကောင်းလောက်
ပေမယ့် သောက်လို့တော့ရမှာပါ။

ပန်းကန်လုံးထဲကို ဆန်ပြုတ်အပြည့်ထည့်လိုက်ပြီး သကြားလုံးငါးလုံးကိုပါ ပန်းကန်ပြားလေးပေါ်တင်လိုက်ရင်း ဘေးခြံထဲသို့ထွက်လာခဲ့မိလိုက်သည်။

ဘာရယ်မဟုတ်ပါဘူး။
ပီပီလည်း နေမကောင်းလို့ဆေးခါးကြီးတွေသောက်ရရင် သကြားလုံးစားနေကျမို့ သူ့ကိုလည်း သကြားလုံးတွေကျွေးချင်မိလို့ပါ။

"မေ..."

"သား...နေ့လယ်ကမှပြန်သွားတာမဟုတ်ဘူးလား။အခု ပြန်လာလည်တာလား"

အပေါက်မှာရပ်နေတဲ့ မေ က ပန်းကန်ပြားတစ်ခုကိုအောက်မှာခံပြီး ပန်းကန်လုံးလေးကိုဂရုတစိုက်သယ်လာတဲ့ ပီပီ့ကို မျက်လုံးပြူးကာ
အံ့ဩတကြီးမေးတယ်။

"ဟုတ်ဘူး မေ ...ဟို ဟိုဟာလေ
အိမ်မှာ နေမကောင်းဖြစ်တဲ့သူရှိသလားဟင်"

Tomato's Love StoryWhere stories live. Discover now