Chapter 5

279 33 13
                                    

မိုးတွေရွာနေတဲ့ June လရဲ့ ပထမဆုံးရက်မှာ ပီပီလုံးလေး ကျောင်းစတက်ခဲ့ရပါတယ်။

ကျောင်းတက်ဖို့ ရက်တွေအများကြီး စောင့်လာခဲ့တဲ့
ပီပီလုံးဟာ ပထမဆုံးကျောင်းတက်ရက်မှာ မိုးတွေရွာ
နေခဲ့တာတောင် အရင်လိုသူ့အိပ်ရာလေးထဲ ကွေးမနေခဲ့ပါဘူး။မနက်အစောကြီးကတည်းက အိပ်ရာနိုးနေပြီး
သူ့အိပ်ရာလေးသူ သိမ်းကာ မျက်နှာပါသစ်ပြီးခဲ့ပြီ။
ရေချိုးချင်ပေမယ့် မိုးရွာနေတာမို့ အနည်းငယ်အေးသယောင်ရှိနေသောကြောင့် ပေါင်ဒါမှုန့်နိုင်နိုင်သိပ်ကာ
ကျောင်းဝတ်စုံလေးပါ လဲပြီးခဲ့ချေပြီ။

"မေမေ ပီပီ မနက်စာစားချင်ပြီ"

အပေါ်ထပ်လှေကားကနေ ဒုန်းစိုင်းဆင်းလာပြီး
မီးဖိုခန်းထဲမှာရှိတဲ့ မေမေ့ကိုအော်ခေါ်လိုက်တော့
မေမေက ယောင်းမကြီးကိုကိုင်ကာ ပီပီလုံးကိုထွက်
ကြည့်ပါသည်။

"ပီပီလုံးရယ်....အခုမှ မနက်ခုနစ်နာရီပဲရှိပါသေးတယ်
ဘယ်လိုဖြစ်လို့အစောကြီး ပြင်ဆင်လို့ပြီးသွားရတာတုန်း"

"မာမားကလည်း ဒီနေ့ ပီပီကျောင်းစတက်ရမယ့်နေ့လေ
မမှတ်မိတော့ဝူးလား"

"မှတ်မိပါတယ် သားရယ်
ကျောင်းက ကိုးနာရီမှတက်တာပါ။အိမ်ကနေ ရှစ်နာရီခွဲလောက်မှ သွားရင်ရပါတယ်"

"အာ မဖြစ်ပါဘူးဆို မာမားကလည်း
ပီပီက တိုတိုနဲ့ကျောင်းထိတူတူလမ်းလျှောက်ပြီး
သွားချင်တဲ့ဟာ"

ပီပီလုံးရဲ့စကားအဆုံး ကိုင်ထားတဲ့ယောင်းမကြီး
လွတ်ကျသွားတဲ့ မာမား။

"ပီပီလုံးရယ်...ဒီနေ့တစ်ရက်တော့ အိမ်က ကားနဲ့ပဲသွားပါဦး။သားရဲ့ကိုကို ကိုပါ မေမေတို့ခေါ်ခဲ့မှာပဲဟာ။
ကားပေါ်မှာ စကားတစ်ဝကြီးပြောလို့ရပါတယ်"

"ပီပီက တိုတိုနဲ့ လမ်းလျှောက်ချင်တာ"

"မိုးတွေရွာနေတယ်လေ ငါ့သားရယ်
ဒီနေ့တော့ ကားနဲ့ပဲသွားပါ။ဖေဖေလိုက်ပို့ပေးမယ်လေ။
သားရဲ့ မမရော ကျောင်းတက်ရဦးမှာကို"

ဧည့်ခန်းထဲမှာ သတင်းစာဖတ်နေတဲ့ ဖေဖေကပါ မီးဖိုခန်းထဲမှာ အချေအတင်ဖြစ်နေကြတဲ့ ပီပီလုံးတို့ကြား
ဝင်ပြောတာမို့ ပီပီလုံးမှာ အကြံအိုက်သွားရရှာလေသည်။

Tomato's Love StoryWhere stories live. Discover now