Chapter 14

224 36 9
                                    

ဒီနေ့က ပီပီလုံးရဲ့ အထက်တန်းအောင်လက်မှတ်ယူရမယ့်နေ့ပင်ဖြစ်သည်။

အခုဆိုရင် ပီပီလုံးရဲ့အသက်ဟာလည်း
တစ်ဆယ့်ရှစ်နှစ်ဆိုတဲ့ ဂဏန်းလေးဆီအရေအတွက်တိုးကာ ရောက်သွားခဲ့လေပြီ။

တစ်ဆယ့်ရှစ်နှစ်ဆိုတဲ့ ဆယ်ကျော်သက်ဘဝအပိုင်းအခြားလေးမှာ ပီပီလုံးဟာ စိတ်ပိုင်းဆိုင်ရာရော၊ရုပ်ပိုင်းဆိုင်ရာပါ အများကြီးပြောင်းလဲတိုးတက်သွားခဲ့သည်။အရင်လို
ဝတုတ်လေးကနေ အရပ်ရှည်ရှည်၊ပိန်ပိန်ပါးပါး
ကောင်ချောလေးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။စိတ်ပိုင်းဆိုင်ရာအနေနဲ့ကတော့
ဆယ့်တစ်နှစ်အရွယ်လောက်မှာ စိတ်အခြေအနေပိုင်းဆိုင်ရာ တိုးတက်ဖို့ ဆရာဝန်တစ်ဦးနဲ့
ကြပ်ကြပ်မတ်မတ်ပြသခဲ့ရသည်။

"မရှိတော့တဲ့ အရာတွေကိုရှိနေသယောင်ယူဆခြင်း"ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပီပီလုံးခမျာ
ဆေးတွေအများကြီးသောက်၊ဆရာဝန်ရဲ့
ညွှန်ကြားချက်ကို ဂရုတစိုက်လိုက်နာကာ ‌ကုသခဲ့ရသည်။အခုတော့ ပစ္စုပ္ပန်မှာဖြစ်ပျက်ပြောင်းလဲနေတဲ့ အရာမှန်သမျှကို လက်ခံသွားနိုင်ပြီ။
တစ်ခြားလူတစ်ယောက်ကိုချစ်ဖို့ထက် ကိုယ့်ကိုယ်ကိုပဲ ပိုချစ်တတ်ဖို့ အချိန်ပေါင်းများစွာ၊
နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရပြီးနောက်ပိုင်းမှာ
ပြန်မလာတော့တဲ့ လူတစ်ယောက်ကိုလည်း
စောင့်မျှော်မနေခဲ့တော့ဘူး။

အကျဉ်းချုပ်ပြီးပြောရရင် ဆယ်နှစ်အရွယ်ကနေ
အခု အသက်တစ်ဆယ့်ရှစ်နှစ်အရွယ်ရောက်လာသည်အထိ ပီပီလုံးရဲ့ဆယ်ကျော်သက်ဘဝလေးဟာ သာမန်လူတွေလို ပျော်ရွှင်စရာတွေနဲ့
ဖြတ်သန်းခဲ့ရတာမဟုတ်ခဲ့ဘူး။

ကိုယ့်ကို မချစ်တဲ့ လူတစ်ယောက်ကိုချစ်နေရင်း၊
ကိုယ့်ဆီ ပြန်မလာတော့တဲ့လူတစ်ယောက်ကို
ရင်တွေအကွဲခံကာ စောင့်မျှော်နေရင်းနဲ့ပဲ
တန်ဖိုးရှိလှတဲ့ ဆယ်ကျော်သက်ဘဝလေးကို
နာကျင်ကြေကွဲစရာတွေ ရင်ဝယ်ပိုက်ပြီး
ဖြတ်သန်းခဲ့ရတာပါ။

ရှစ်နှစ်တဲ့...
ပြန်မလာတော့တဲ့လူကို တစ်ယောက်တည်း
တိတ်တိတ်လေးစောင့်နေခဲ့တာ ရှစ်နှစ်။
အခုချိန်မှာ အဲ့ဒီလူတစ်ယောက်ကို မေ့ပစ်လိုက်ဖို့ဆိုတာ ရှစ်နှစ်ဆိုတဲ့အချိန်အတိုင်းအတာတစ်ခုဟာ လုံလောက်သည်ထက်ပင်ပိုနေခဲ့ပြီ မဟုတ်ပါလား။

Tomato's Love StoryWhere stories live. Discover now