Chapter 11

227 30 14
                                    

"ပီပီလုံးလေး....ကားမှန်ချချင်ရင်
အနွေးထည်အပါးလေးထပ်ဝတ်ထားနော်။လေစိမ်းတွေတိုက်ခံရတာကြာရင် အသားတွေစပ်လာတတ်တယ်"

"ဟုတ်ကဲ့ မေ"

မေ့ရဲ့စကားကိုနားထောင်ပြီး ကားနောက်ခန်းထဲမှာထည့်ထားတဲ့ ပီပီရဲ့ ကျောပိုးအိတ်ငယ်လေးကိုယူမယ်အလုပ်
ဘေးတွင်ထိုင်နေတဲ့ ကိုကိုက သူ့အကျီလက်ရှည်ကို
ချွတ်ကာ ပီပီ့ကို ဝတ်ပေးပါသည်။

"ပီပီ့ကို အနွေးထည်ပေးတော့ ကိုကိုချမ်းနေမှာပေါ့"

"ကိုကိုက ရတယ်။
ပီပီက ဘေးအစွန်ဆုံးမှာထိုင်နေတာမို့ လေစိမ်းတွေတိုက်ခံရတာကြာရင် ပီပီဖျားလိမ့်မယ်"

ကားပေါ်မှာလည်း စာအုပ်တစ်အုပ်ကို စိတ်ပါဝင်စားစွာ
ဖတ်နေတဲ့ ကိုကိုက သူ့ရဲ့အချိန်တွေကို ဘယ်တော့မှ
အလဟသ အကုန်ဆုံး မခံချင်ပုံပါပဲ။

ပီပီလုံးကတော့ လက်လေးနဲ့ပိုက်ထားတဲ့ မုန့်ဘူးလေးကို
ဖွင့်ပြီး ချောကလက်ကွတ်ကီးလေးတွေကိုသာ တမြုံ့မြုံ့
စားနေလိုက်တော့တယ်။ကားမှန်ရဲ့အပြင်မှာရှိနေတဲ့
စိမ်းစိုနေတဲ့ လယ်တောတွေ၊တစ်ခဏအတွင်းပြောင်းသွားတဲ့ နေကြာခင်းကြီးတွေ၊ထို့နောက်...ပြောင်းဖူးခင်းတွေကို မျက်စိတဆုံးလိုက်ပါကြည့်ရှုပြီးသည့်နောက်
ပီပီလုံးရဲ့ စိတ်အစုံဟာ ပိုမိုကြည်လင်လာရတယ်။

အခုခရီးစဉ်က ကိုကို့အဘိုးအဘွားတွေရှိတဲ့ ရွာငယ်လေးဆီသွားရာမှာ ပီပီလုံးပါ လိုက်လာခဲ့တာပဲဖြစ်သည်။
ဘန်ကောက်နဲ့ မလှမ်းမကမ်းမှာရှိတဲ့ ရွာငယ်လေးဟာ
ကိုကိုနဲ့ ပီပီလုံးတို့ရဲ့ ပထမဆုံးသွားဖူးတဲ့ ခရီးလေးတစ်ခု
ဖြစ်နေလိမ့်မယ်။

ပီပီလုံးဟာ ကိုကိုနဲ့အတူ ကမ္ဘာအနှံ့မှာရှိတဲ့ လှပတဲ့နေရာတွေအားလုံးကို သွားဖူးချင်တာမို့ အခုကစပြီး
တစ်သက်လုံး ကိုကို့ဘေးနားမှာပဲ ကော်လေးလို ကပ်နေမည်ဟု စဉ်းစားထားသည်။

"ကိုကို....အာ"

စာအုပ်ဖတ်နေတဲ့ ကိုကို့ကို မုန့်ကျွေးဖို့လည်း မပျက်စေရ။ကိုကို့ပါးစပ်လေးဟအောင် ကိုယ်တိုင်လည်း 'အာ' ဆိုပြီး ပါးစပ်လေးကိုဟသည်။ကိုကိုက ကွတ်ကီးလေးကို
ပါးစပ်လေးနဲ့ဆွဲယူကာစားရင်း ပီပီလုံးရဲ့ ခေါင်းလေးကို
ခပ်ဖွဖွပုတ်သည်။

Tomato's Love StoryWhere stories live. Discover now